လှိုင်သာယာအရှေ့ပိုင်း ရဲစခန်းနှင့် စည်ပင်ရုံးတို့ ဖေါက်ခွဲ တိုက်ခိုက်ခံရ

လှိုင်သာယာအရှေ့ပိုင်း ရဲစခန်းနှင့် စည်ပင်ရုံးတို့ ဖေါက်ခွဲ တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ 25, 2022 | အခြားဒေသများ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ ရုံးရှေ့မှတ်တိုင်ရှိ ရဲစခန်းနှင့် စည်ပင်ရုံးတို့တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ဖောက်ခွဲမှု (၃) ကြိမ်ပြုလုပ်ခဲ့ကြောင်း From Zero To Hero အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းဖောက်ခွဲမှုကို From Zero To Hero မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းမျက်နှာစာရှေ့တွင် နေ့လယ် (၁၁) နာရီဝန်းကျင်က ဖေါက်ခွဲမှု (၂) ကြိမ်ပြုလုပ်ပြီး အဓိကပစ်မှတ် ဖေါက်ခွဲမှုလုပ်ဆောင်မည့်အချိန်တွင် အများပြည်သူ အသွားအလာရှိနေ၍ နေရာပြောင်းလဲခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖေါက်ခွဲမှု လုပ်ဆောင်သူများ  ဘေးကင်းလုံခြုံရာသို့ ရောက်ရှိနေပြီဖြစ်ပြီး အများပြည်သူအနေဖြင့် ပေါက်ကွဲသံကြားပါက အသံကြားရာနေရာနှင့် အနီးတဝိုက်ကို သွားလာစူးစမ်းခြင်းမပြုဘဲ အချိန်အတန်ကြာ ရှောင်ရှားနေခြင်းဖြင့် ထိခိုက်ဒဏ်ရာရမှုနှင့် အာဏာသိမ်းအဖွဲ့က သံသယဖြင့် ဖမ်းဆီးခံရမှုများမှ ရှောင်ရှားနိုင်ကြရန် သတိပေးတိုက်တွန်းထားသည်ကို တွေ့ရသည်။