ကဝမြို့နယ် အုန်းနှဲနယ်မြေရဲစခန်းတွင် ဗုံးနှစ်လုံးကွဲ

ကဝမြို့နယ် အုန်းနှဲနယ်မြေရဲစခန်းတွင် ဗုံးနှစ်လုံးကွဲ

ပဲခူးတိုင်း ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ စစ်ကောင်စီတပ်၏ အုန်းနှဲ နယ်မြေရဲစခန်းရှေ့ ဂိတ်ပေါက်အနီး၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့၊ ည(၉)နာရီဝန်းကျင်တွင် ဗုံးကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကွဲမှုကို သပြေညို မြို့ပြစစ်ဆင်ရေးအဖြစ် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ၊ ပကဖ)က မိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အုန်းနှဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်ဆဲဆို၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး သက္ကလမြို့မှ စစ်‌ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကလည်း သေနတ်များပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခံရမှု သတင်းကို အွန်လိုင်းမီဒီယာတွင် ဖြန့်ဝေသူများနှင့် အရပ်သားများကို လိုက်လံစစ်ဆေး ဖမ်းဆီးနေသည်ဟုလည်း ကဝမြို့နယ် ကပဖက‌ဆိုသည်။

ပြည်သူများအနေဖြင့် နိုင်ငံအနှံ့ အရှိန်မြင့်တက်လာသော မြို့ပြ၊ တောတွင်း စစ်ရေးအခြေအနေများကိုထောက်ရှု၍ စစ်ရေးပစ်မှတ်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီး၊ သတင်းပေးများနှင့် နီးကပ်စွာ နေထိုင်ခြင်းမျိုးမပြုလုပ်ဘဲ ရှောင်ကွင်း၍ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency