ကနေဒါလွှတ်တော်အမတ်က Zoom ဖြင့် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို အိမ်သာထဲကနေ တက်ခဲ့မိကြောင်း တောင်းပန်

ကနေဒါလွှတ်တော်အမတ်က Zoom ဖြင့် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို အိမ်သာထဲကနေ တက်ခဲ့မိကြောင်း တောင်းပန်
By Mr John

ကနေဒါလွှတ်တော်အမတ်တစ်ဦးက လွှတ်တော်အစည်းအဝေးကို Zoom မှတစ်ဆင့် တက်ရောက်စဥ် အိမ်သာခန်းထဲရောက်နေခဲ့သည့်အတွက် တောင်းပန်လိုက်ကြောင်း သိရသည်။

လစ်ဘရယ်ပါတီမှ လွှတ်တော်အမတ် Shafqat Ali သည် ၂၀၂၂ ခုနှစ် မေလ (၆) ရက်နေ့၏ လွှတ်တော်အစည်းအဝေးကို Zoom မှတစ်ဆင့် တက်ရောက်ခဲ့စဉ် ၎င်း၏ နောက်ခံမြင်ကွင်းမှာ အိမ်သာထဲမှ မြင်ကွင်းဖြစ်နေသည်ကို အခြားလွှတ်တော်အမတ်များက သတိပြုမိခဲ့ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်တစ်ဦးက မှတ်တမ်းယူထားခဲ့ကြောင်း သိရသည်။

"ကင်မရာကို အိမ်သာထဲက နံရံတစ်နေရာမှာ တပ်ထားခဲ့တာပဲ" ဟု ပြိုင်ဘက်ပါတီမှ လွှတ်တော်အမတ်က ပြောသည်။

ယခုဖြစ်ရပ်မှာ နှစ်နှစ်အတွင်း လစ်ဘရယ်အမတ်အနေဖြင့် Zoom မှတစ်ဆင့် လွှတ်တော်တက်သည့် ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ကြောင်းသိရပြီး ပထမဖြစ်ရပ်မှာ ယမန်နှစ်က တိုရွန်တိုမြို့ အနောက်မြောက်ပိုင်းခရိုင် ကိုယ်စားပြုလွှတ်တော်အမတ် Shafqat Ali ကလည်း အလားတူဖြစ်ပွားခဲ့ကြောင်း သိရသည်။

Shafqat Ali သည် ကနေဒါလွှတ်တော် House of Commons တွင် ဥပဒေမူကြမ်းတစ်ခုကို အချေအတင် ဆွေးနွေးခဲ့ကြသည့် Zoom အစည်းအဝေးတွင် အိမ်သာထဲမှအစည်းအဝေးတက်နေသည်ကို ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်အမတ် Laila Goodridge က သတိပြုမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်များကြောင့် လွှတ်တော်အမတ်များ အီလက်ထရောနစ် အသုံးအဆောင်များကို သတိထားသုံးစွဲကြရန်နှင့် အွန်လိုင်းအသုံးပြုရာတွင် ပတ်ဝန်းကျင်ကို သတိထားကြရန် လက်ထောက် ဒုတိယလွှတ်တော်ဥက္ကဌက တိုက်တွန်းထားကြောင်း သိရသည်။

Source: BBC

ဆက်စပ်သတင်း

လွှတ်တော်တက်နေစဥ် ဖုန်းထဲတွင် လူကြီးကြိုက် ဇာတ်ကားများ ကြည့်ခဲ့မိသည့် ဗြိတိသျှလွှတ်တော်အမတ် နှုတ်ထွက်