သဲမုန်တိုင်းကြောင့် လိမ္မော်ရောင်ပြောင်းသွားသည့် အီရတ် ကောင်းကင်

Photo: GETTY IMAGES
Photo: GETTY IMAGES
သဲမုန်တိုင်းကြောင့် လိမ္မော်ရောင်ပြောင်းသွားသည့် အီရတ် ကောင်းကင်
By Mr John

အီရတ်နိုင်ငံ၏ နေရာအများအပြားတွင် ကြီးမားသည့် သဲမုန်တိုင်း တိုက်ခတ်ခဲ့ရာ ကောင်းကင်အရောင်မှာ လိမ္မော်ရောင်ပြောင်းသွားခဲ့ပြီး အီရတ်မြို့တော် ဘဂ္ဂဒက်မြို့နှင့် နဂျက်ဖ်မြို့တို့တွင် မြင်ကွင်းမကောင်းမှုကြောင့် လေယာဥ်ခရီးစဥ်များ ရပ်ဆိုင်းထားခဲ့ရသည်။

သဲမုန်တိုင်းတိုက်ခတ်မှုမှာ မေလ (၂) ရက်နေ့အထိ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတွေက ဆိုသည်။



ရာသီဥတုပြောင်းလဲမှုနှင့် မြေနှင့်ရေ စီမံခန့်ခွဲမှုအမှားတို့ကြောင့် အရှေ့အလယ်ပိုင်းတွင် သဲမုန်တိုင်းများ ပိုမိုအဖြစ်များကြောင်း သိရသည်။

ဧပြီ (၃၀) ရက်နေ့က သဲမုန်တိုင်းကြောင့် အီရတ်ရှိ နေရာအချိုမြင်ကွင်းရှင်းလင်းမှု ပေ (၁,၆၄၀) အောက် လျော့နည်းခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် လအတွင်းကလည်း အီရတ်တွင် သဲမုန်တိုင်းတိုက်မှုများ ဆက်တိုက်ကြုံခဲ့ရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် လူဦးရေ ဒါဇင်နှင့်ချီ ဆေးရုံတက်ခဲ့ရသည်။



ခြောက်သွေ့မှု၊ သဲကန္တာရဖြစ်မှုနှင့် မိုးရွာသွန်းမှု လျော့နည်းခြင်းတို့ကြောင့် သဲမုန်တိုင်းတိုက်ခတ်မှု ပိုများလာကြောင်း အီရတ်မိုးလေဝသဌာနက AFP ကို ယခင်က ပြောခဲ့သည်။

 

မြို့များအတွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် စိမ်းလန်းသည့်ဧရိယာ မရှိခြင်းကလည်း သဲမုန်တိုင်းများ ဖြစ်စေသည်ဟု ဆိုသည်။ အီရတ်တွင် ၂၀၂၆ ခုနှစ်ရောက်ပါက တစ်နှစ်အတွင်း သဲမုန်တိုင်းတိုက်မှု အကြိမ် (၃၀၀) ဖြစ်ပေါ်နိုင်ကြောင်း ၂၀၁၆ ခုနှစ်အတွင်း ကုသမဂ္ဂ ပတ်ဝန်းကျင်အစီအစဥ် United Nations Environment Programme (UNEP) က ခန့်မှန်းထားခဲ့သည်။



Source: BBC