လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ မြန်မာလုပ်သားများ မူလနေထိုင်ရာရွာကို ဖျက်သိမ်းလိုက်ပြီး တစ်လအတွင်း နေရာသစ်ကို အပြီးရွှေ့ရမည်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ မြန်မာလုပ်သားများ မူလနေထိုင်ရာရွာကို ဖျက်သိမ်းလိုက်ပြီး တစ်လအတွင်း နေရာသစ်ကို အပြီးရွှေ့ရမည်

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ကာလရှည်ကြာ နေထိုင်ခဲ့ကြသည့် ရခိုင်ရွာ (မြန်မာရွာ)ကို ဖျက်သိမ်းလိုက်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၁) ရက်နေ့အပြီး ရွှေ့ပြောင်းကြရမည်ဟု ပေါချောင်(ဘိုကျောက်)ပြည်နယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုရုံး ဒါရိုက်တာက ဩဂုတ်လ (၃၀)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာအတွင်း ဆိုင်ခန်းဖွင့်ထားသူများ၊ တရားမဝင် နေထိုင်သူများ ပြည်နယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုရုံးနှင့် လာအိုရွှေတြိဂံစီမံခန့်ခွဲမှုကော်မတီတွင် လိုအပ်သည့် စာရွက်စာတမ်းများ ပြုလုပ်ပြီး စာရင်းပေးသွင်းရမည်ဖြစ်ကာ ကျေးရွာအတွင်း  မိမိတို့လုပ်ငန်းမှ ဝန်ထမ်းများထားရှိသူများအနေဖြင့် အဆိုပါဝန်ထမ်းများအတွက် ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီမှ စီစဉ်ပေးသည့်နေရာသစ်သို့ ရွှေ့ပြောင်းနိုင်ရေး စာရင်းပေးသွင်းကြရမည်ဟု အသိပေးထားသည်ကို တွေ့ရသည်။

ကျေးရွာမှ နေရာသစ်သို့ ရွှေ့ပြောင်းချိန်တွင် Covid-19  စစ်ဆေးခြင်း၊ ပစ္စည်းများအား ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရွှေ့ပြောင်းပေးမည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။



မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ မြန်မာရွာ (ရခိုင်ရွာ)တွင် လူနေထူထပ်နေပြီး လူနေအိမ်များ စနစ်တကျမရှိသဖြင့် Covid-19  ကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်ရန် ခက်ခဲသည့်အတွက် နေရာရွှေ့ပြောင်းရန် ပြည်နယ်နှင့်တိုင်း အထူးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ဩဂုတ်လ (၁၅) ရက်နေ့ ဆုံးဖြတ်ချက်နှင့် ပေါချောင် (ဘိုကျောက်)ပြည်နယ်အထူးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုရုံးတို့၏ ဩဂုတ် (၂၆) ရက်နေ့ သဘောတူညီမှုအရ ဆုံးဖြတ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

#TachileikNewsAgency