KNDF တပ်ရင်း(၃)၏ နယ်မြေအတွင်း စစ်ဆေးမှုများ ပြုလုပ်စဉ် စစ်ကောင်စီတပ်သား (၃)ဦး ဖမ်းမိ

KNDF တပ်ရင်း(၃)၏ နယ်မြေအတွင်း စစ်ဆေးမှုများ ပြုလုပ်စဉ် စစ်ကောင်စီတပ်သား (၃)ဦး ဖမ်းမိ
မေ 8, 2022 | ကယား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၏ အမှတ်(၃)တပ်ရင်း၊  တပ်ခွဲ(၂) အဖွဲ့၏ နယ်မြေသို့ မေလ(၈)ရက်နေ့က ဖြတ်သန်းလာသည့် ကားများအား စစ်ဆေးရာ အာဏာသိမ်းစစ်ကောက်စီတပ်သား(၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

KNDF B-03 အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုနယ်မြေအတွင်း စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းနှင့် သုံးစွဲခြင်း မပြုကြရန် စစ်ဆေးမှုများ ဆောင်ရွက်‌နေရာမှ ၎င်းတို့(၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"အဲ့ဒီကနေ ရလာတဲ့ငွေတွေနဲ့  ပြည်သူ့ရဲဘော်တွေကို သတ်တဲ့ကျည်ဆံ၊ ပြည်သူ့အိုးအိမ်တွေကိုဖျက်ဆီးဖို့ လက်နက်တွေကို စစ်တပ်က ပြန်ဝယ်နေတာပဲဖြစ်ပါတယ်။ စစ်တပ်ပိုင် ထုတ်ကုန်ဝယ်တော့မယ်ဆိုရင် မီးရှို့ခံရတဲ့ ပြည်သူတွေ၊ စစ်တပ်က မတရား မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့တဲ့ အမျိုးသမီးငယ်တွေ၊ လက်နက်ကြီးထိခဲ့ရတဲ့ လူမမယ်ကလေးငယ်တွေကို ကျေးဇူးပြု၍ သတိရပေးပါ။"ဟု KNDF B 3 က အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNDF B-03