ဒီးမော့ဆိုတွင် ယမန်နေ့က တိုက်ခိုက်မှုအပြီး အာဏာသိမ်းစစ်​ကောင်စီတပ်က ထိုးစစ်ဆင်နိုင်ကြောင်း  ပြည်သူ့ကာကွယ်​ရေးတပ်က သတိပေးထား

ခရစ္စမတ်နေ့ ဒီးမော့ဆိုရဲစခန်းတိုက်ပွဲမှ PDF နှင့် KZ တပ်ဖွဲ့ဝင်များ
ခရစ္စမတ်နေ့ ဒီးမော့ဆိုရဲစခန်းတိုက်ပွဲမှ PDF နှင့် KZ တပ်ဖွဲ့ဝင်များ
ဒီးမော့ဆိုတွင် ယမန်နေ့က တိုက်ခိုက်မှုအပြီး အာဏာသိမ်းစစ်​ကောင်စီတပ်က ထိုးစစ်ဆင်နိုင်ကြောင်း  ပြည်သူ့ကာကွယ်​ရေးတပ်က သတိပေးထား
ဒီဇင်ဘာ 26, 2021 | နိုင်ငံရေး| ကယား
By Tachileik News Agency

ကယားပြည်နယ်၊ ဒီး​​မော့ဆိုမြို့နယ်၊ မြို့မရဲစခန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့နှင့်   ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့၊ KGZတပ်ဖွဲ့​တို့ကြား ယမန်နေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ( ၂၅)ရက်နေ့က တိုက်ခိုက်မှုများကြောင့် အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန် DMO-PDF က သတိပေးထားသည်။

မြို့မရဲစခန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒီဇင်ဘာလ( ၂၅)ရက်​နေ့ မွန်းလွဲ(၃) (၄၅)မိနစ်တွင်စတင်တိုက်ခိုက်ရာ (၂)နာရီကြာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ (၃) ဦးသေကာ ထိခိုက်ဒဏ်ရာရသူများရှိပြီး 

ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)ဖက်မှ တပ်ဖွဲ့ဝင်(၂)ဦးလည်း ထိခိုက်ဒါဏ်ရာရခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ဒီး​မော့ဆိုမြို့မရဲစခန်း​ရှေ့ရှိ လူနေနေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ​ဒေါငံခါး​ကျေးရွာဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငြိမ်းချမ်းခြင်းသခင်မဘုရားရှိခိုး​​​ကျောင်း​အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနောက် ည (၇)နာရီ (၄၅) မိနစ်ဝန်းကျင်တွင်လည်း နောက်ထပ် (၁၅) မိနစ်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း သိရသည်။