လြိဳင္ေကာ္ၿမိဳ႕အ၀င္ တပ္ရင္းႏွစ္ခုၾကားႏွင့္ ဓါတ္ဆီဆိုင္မ်ားအနီးတြင္ ေတာမီးအမ်ားအျပား ေလာင္ကြ်မ္းမႈျဖစ္

လြိဳင္ေကာ္ၿမိဳ႕အ၀င္ တပ္ရင္းႏွစ္ခုၾကားႏွင့္ ဓါတ္ဆီဆိုင္မ်ားအနီးတြင္ ေတာမီးအမ်ားအျပား ေလာင္ကြ်မ္းမႈျဖစ္
မတ် 19, 2019
By Tachileik News Agency

ကယားျပည္​နယ္​၊ လိြဳင္​​ေကာ္​ၿမိဳ႕ အဝင္​ ​ေျမနီကုန္​း​ေက်းရြာအနီး႐ွိ တပ္မ​တာ္ တပ္​ရင္​းႏွစ္​ခုအၾကား ႏွင့္ ဓာတ္​ဆီဆိုင္​မ်ား အနီးတြင္​ ၂၀၁၉ခုႏွစ္ မတ္​လ (၁၉)ရက္​​ေန႔ ​ေန႔လည္​ပိုင္​းက ​ေတားမီးအမ်ားအျပား​ေလာင္​ကြၽမ္​း ခဲ့​ေၾကာင္​း သိရသည္​။

မတ္​လ (၁၉)ရက္​​ေန႔ ​ေန႔လည္​ (၁)နာရီခြဲ ၀န္းက်င္ကစ၍ စက္​သုံးဆီ ​ေရာင္​းဝယ္​​ေရး ဆိုင္​မ်ား အနီး႐ွိ အမွတ္​ (၂၅၀ )တပ္​ရင္​းႏွင္​့ အ​ေျမႇာက္​တပ္​တို႔အၾကား ​ေတာမီး အမ်ားအျပား ​ေလာင္​ကြၽမ္​းခဲ့ျခင္​း​ေၾကာင္​့ လိြဳင္​​ေကာ္​ၿမိဳ႕နယ္ မီးသတ္​တပ္​ဖြဲ႔ႏွင္​့ တပ္ရင္​းမွ ၿငိမ္​းသတ္​ခဲ့ၾကရၿပီး ​ေန႔လည္​(၂ )နာရီ​ေက်ာ္​တြင္​ မီးၿငိမ္​းသတ္​ႏိုင္​ခဲ့​ေၾကာင္​း သိရသည္​။

"ဒီ​နားက ႏွစ္​တိုင္​း​ေတာ့ ​ေတာမီး​ေလာင္​တယ္​။ ဘယ္​သူ႐ႈိ႕သြားမွန္​းကိုမသိတာ ။ ​ေတာမီး​ေလာင္​တာ သိပ္​မစိုးရိမ္​ရ​ေပမယ္​့ ဒီမွာက ဓာတ္​ဆီဆိုင္​​ေတြ တန္​းစီၿပီး ႐ွိ​ေနတာ​ေလ ကားလမ္​းမ ျခား​ေနလို႔သာ ခံသာတာ ​ေႏြရာသီဆို​ေတာ့ အႏၱာရယ္​မ်ားတာ​ေပါ့။ မီးဆိုတာကလည္​း ​ေလာင္​သြားရင္​ ဘာမွမတတ္​ႏိုင္​ဘူး​ေလ ဒီၿမိဳ႕အဝင္​​ေနရာက ဓာတ္​ဆီဆိုင္​​ေတြ နဲ႔မို႔ စိုးရိမ္​တာ"ဟု ​​ေျမနီကုန္​း​ေက်းရြာမွ​ေဒသခံ တစ္​ဦးက ​ေျပာသည္​။

အဆိုပါ ေတာမီး​ေလာင္​ကြၽမ္​းမႈ​ေၾကာင္​့ ေနရာတြင္   ​ေတာ္​ဝင္​ စက္​သုံးဆီ​ေရာင္​းဝယ္​​ေရးဆိုင္​ ႏွင္​့ ျပည္​​ေအာင္​ရတနာ စက္​သုံးဆီ ဆိုင္​မ်ား ႐ွိသည္​။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့ အဝင်​ ​မြေနီကုန်​း​ကျေးရွာအနီးရှိ တပ်မ​တာ် တပ်​ရင်​းနှစ်​ခုအကြား နှင့် ဓာတ်​ဆီဆိုင်​များ အနီးတွင်​ ၂၀၁၉ခုနှစ် မတ်​လ (၁၉)ရက်​​နေ့ ​နေ့လည်​ပိုင်​းက ​တေားမီးအများအပြား​လောင်​ကျွမ်​း ခဲ့​ကြောင်​း သိရသည်​။

မတ်​လ (၁၉)ရက်​​နေ့ ​နေ့လည်​ (၁)နာရီခွဲ ဝန်းကျင်ကစ၍ စက်​သုံးဆီ ​ရောင်​းဝယ်​​ရေး ဆိုင်​များ အနီးရှိ အမှတ်​ (၂၅၀ )တပ်​ရင်​းနှင်​့ အ​မြှောက်​တပ်​တို့အကြား ​တောမီး အများအပြား ​လောင်​ကျွမ်​းခဲ့ခြင်​း​ကြောင်​့ လွိုင်​​ကော်​မြို့နယ် မီးသတ်​တပ်​ဖွဲ့နှင်​့ တပ်ရင်​းမှ ငြိမ်​းသတ်​ခဲ့ကြရပြီး ​နေ့လည်​(၂ )နာရီ​ကျော်​တွင်​ မီးငြိမ်​းသတ်​နိုင်​ခဲ့​ကြောင်​း သိရသည်​။

"ဒီ​နားက နှစ်​တိုင်​း​တော့ ​တောမီး​လောင်​တယ်​။ ဘယ်​သူရှို့သွားမှန်​းကိုမသိတာ။ ​တောမီး​လောင်​တာ သိပ်​မစိုးရိမ်​ရ​ပေမယ်​့ ဒီမှာက ဓာတ်​ဆီဆိုင်​​တွေ တန်​းစီပြီး ရှိ​နေတာ​လေ ကားလမ်​းမ ခြား​နေလို့သာ ခံသာတာ ​နွေရာသီဆို​တော့ အန္တာရယ်​များတာ​ပေါ့။ မီးဆိုတာကလည်​း ​လောင်​သွားရင်​ ဘာမှမတတ်​နိုင်​ဘူး​လေ ဒီမြို့အဝင်​​နေရာက ဓာတ်​ဆီဆိုင်​​တွေ နဲ့မို့ စိုးရိမ်​တာ"ဟု ​​မြေနီကုန်​း​ကျေးရွာမှ​ဒေသခံ တစ်​ဦးက ​ပြောသည်​။

အဆိုပါ တောမီး​လောင်​ကျွမ်​းမှု​ကြောင်​့ နေရာတွင် ​တော်​ဝင်​ စက်​သုံးဆီ​ရောင်​းဝယ်​​ရေးဆိုင်​ နှင်​့ ပြည်​​အောင်​ရတနာ စက်​သုံးဆီ ဆိုင်​များ ရှိသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net