ထိုင်းနိုင်ငံအတွင်းသို့ ဂေါ်ဖီထုပ်ကားအတွင်း ပုန်းပြီး လိုက်ပါလာသည့် မြန်မာ (၁၄)ဦး ဖမ်းခံရ

Photo: วันนี้ที่แม่สอด อ.แม่สอด
Photo: วันนี้ที่แม่สอด อ.แม่สอด
ထိုင်းနိုင်ငံအတွင်းသို့ ဂေါ်ဖီထုပ်ကားအတွင်း ပုန်းပြီး လိုက်ပါလာသည့် မြန်မာ (၁၄)ဦး ဖမ်းခံရ

 ထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်း၍လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိသည်ဟု သိရသည်။

မဲဆောက်ဘက်မှလာသည့် ဂေါ်ဖီထုပ်များသယ်လာသည့် ကား (၂)စီးကို စစ်ဆေးရာ အတွင်းပိုင်း၌ ဝှက်၍ သယ်လာသည့် မြန်မာနိုင်ငံသား (၇) ဦးဆီကို ရှာဖွေတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

တရားဝင် အထောက်အထား မပါသည့် မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး၊ အမျိုးသမီး (၈)ဦးနှင့်အတူ မော်တော်ယာဉ်မောင်းလာသည့် ထိုင်းနိုင်ငံသား သားအဖ (၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခံရပြီးနောက် စီးပွားရေးကျဆင်းကျပ်တည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်းနှင့် နိုင်ငံတွင်း လုံခြုံမှု မရှိခြင်းများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လာသူအများအပြားရှိလာခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

မဲဆောက်တွင် ကုန်စိမ်းကားအတွင်း ဝှက်၍သယ်လာသည့် မြန်မာ ၅၃ ဦးကို ဖမ်းမိ