တာချီလိတ်ကနေ မယ်ဆိုင်ဘက်သို့ တရားမဝင် နယ်စပ်ကူးသွားသည့် မြန်မာ (၃၃)ဦး ဖမ်း ခံရ

Photo: MAESAIPRESS
Photo: MAESAIPRESS
တာချီလိတ်ကနေ မယ်ဆိုင်ဘက်သို့ တရားမဝင် နယ်စပ်ကူးသွားသည့် မြန်မာ (၃၃)ဦး ဖမ်း ခံရ

 ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကူးလာသည့် မြန်မာနိုင်ငံသား (၃၃) ဦးကို ထိုင်းလှည့်ကင်းအဖွဲ့က  ကင်းလှည့်နေစဉ်  ၂၀၂၂ ခုနှစ် မေလ (၃) ရက်နေ့က ကင်းလှည့်စဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

တောလမ်းအတိုင်းလာသည့် လူအုပ်ကိုစစ်ဆေးရာမှ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က တရားမဝင် ဝင်လာကြသူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာအမျိုးသား (၂၀)ဦးနှင့် အမျိုးသမီး (၁၃)ဦးအဖွဲ့သည် ဘန်ကောက်သို့ အလုပ်သွားလုပ်ရန်အတွက် တစ်ဦးလျှင် ဘတ် (၂၅၀၀၀)နှုန်းဖြင့် နယ်စပ်ဖြတ်ကျော်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား COVID 19 စစ်ဆေးထားပြီး အရေးယူမှုများလုပ်ဆောင်ကာ မြန်မာဘက်သို့ ပြန်လွှဲမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း စီးပွားရေးကျဆင်းမှုနှင့် မလုံခြုံမှုများကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်အလုပ် လုပ်ကိုင်ရသူ ယခင်ထက်တိုးလာပြီး ထိုင်းနိုင်ငံဘက်တွင် မကြာမခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

 

#TachileikNewsAgency

Photo: MAESAIPRESS