ဂျပန်ကုမ္ပဏီထုတ် COVID-19 သောက်ဆေးတစ်မျိုးက ဗိုင်းရပ်စ်ကို လျင်မြန်စွာ ကင်းစင်စေဟု ဆို

ဂျပန်ကုမ္ပဏီထုတ် COVID-19 သောက်ဆေးတစ်မျိုးက ဗိုင်းရပ်စ်ကို လျင်မြန်စွာ ကင်းစင်စေဟု ဆို
By Mr John

 ဂျပန်ဆေးဝါးကုမ္ပဏီ Shionogi & Co. Ltd. က ထုတ်လုပ်ထားသည့် စမ်းသပ်အဆင့် ကုသဆေးတစ်မျိုးက COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကို လျင်မြန်စွာ ကင်းစင်စေကြောင်း အချက်အလက်အသစ်များအရ သိရှိရသည်ဟု ကုမ္ပဏီက ဧပြီ (၂၄) ရက်တွင် ပြောသည်။

S-217622 သောက်ဆေးက ကူးစက်တတ်သည့် SARS-CoV-2 ဗိုင်းရပ်စ်ကို လျင်မြန်စွာ ကင်းစင်စေကြောင်း တွေ့ရှိရသည်ဟု Shionogi က Phase II/III လက်တွေ့စမ်းသပ်မှုမှ Phase-2b ရလဒ်များကို ကိုးကားပြီး ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။



ကုမ္ပဏီက ဗိုင်းရပ်စ်သတ်ဆေးကို ကမ္ဘာတဝန်း ဖြန့်ဖြူးရန် ရည်မှန်းချက်ရှိပြီး လက်ရှိတွင် ဂျပန်ဆေးဝါးကွပ်ကဲရေး တာဝန်ရှိအဖွဲ့အစည်းတွေက အကဲဖြတ်နေပြီး ၎င်းတို့၏ COVID-19 သောက်ဆေးကို အမေရိကန်အစိုးရ အထောက်အပံ့နှင့်အတူ ကမ္ဘာတဝန်း Phase III စမ်းသပ်မှု လုပ်ဆောင်သွားမည်ဟု Shionogi က မတ်လအတွင်း ပြောခဲ့သည်။  

တစ်နှစ်လျှင် COVID-19 သောက်ဆေး (၁၀) သန်း ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Isao Teshirogi က ဆိုသည်။

ဧပြီ (၁၃)ရက်နေ့က Shionogi ၏ COVID-19 သောက်ဆေးသည် ကိုယ်ဝန်ဆောင်တွေမှာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း လက်တွေ့စမ်းသပ်မှု မတိုင်မီ အချက်အလက်များကို အခြေခံထားသည့် သတင်းများထွက်ပေါ်ခဲ့ရာ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းမှာ (၁၆) ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း သိရသည်။

WHO က အခိုင်အမာ ထောက်ခံထားသည့် COVID-19 သောက်ဆေး

စမ်းသပ်ကုသမှု၏ အောင်မြင်မှုအပေါ် ထင်ကြေးပေး ခန့်မှန်းချက်များလည်း ရှိနေခဲ့ရာ Shionogi ၏ ရှယ်ယာဈေးနှုန်းများမှာ အတက်အကျ ရှိနေခဲ့သော်လည်း အမေရိကန်အစိုးရက ဆေးဝယ်ယူရန် ဆွေးနွေးပြောဆိုမှုရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဧပြီ (၂၂) ရက်တွင် Shionogi ၏ ရှယ်ယာဈေးနှုန်း မြင့်တက်ခဲ့သည်။

Source: Reuters