ဟိုပုံးမြို့တွင် သံဃာများအပါအဝင် Covid-19 ကူးစက်ခံထားရသူ (၃၄)ဦး ထပ်တိုး

ဟိုပုံးမြို့တွင် သံဃာများအပါအဝင် Covid-19 ကူးစက်ခံထားရသူ (၃၄)ဦး ထပ်တိုး
သြဂုတ် 11, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း (၁၀၂)ဦး၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးမြို့အထိ ပေးပို့စစ်ဆေးရာမှ ဩဂုတ်လ(၁၁)ရက်နေ့၏ အဖြေအရ သံဃာများ အပါအဝင် (၃၄)ဦး၏ ဓါတ်ခွဲနမူနာများတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

ဟိုပုံးမြို့တွင် Covid-19 ပိုးကူးစက်ခံရသူများမှ တဆင့် ထိတွေ့မိသူများ၊ အခြားဒေသမှရောက်ရှိလာသူများကို အသွားအလာကန့်သတ်ထားပြီး နှာခေါင်းအာခေါင်တို့ဖတ်များကို ရယူပြီး ဩဂုတ်လ(၉)ရက်နေ့က တောင်ကြီးမြို့ရှိ  ဓာတ်ခွဲမှုဆေးပညာဌာန (Taunggyi-PHL)သို့ ပို့ဆောင် စစ်ဆေးရာ  (၃၄)ဦးမှာ Covid-19 ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် (၃၄)ဦးတွင် အမျိုးသမီး (၁၃)ဦး နှင့် အမျိုးသား (၁၉)ဦး ပါဝင်ပြီး အသက်အငယ်ဆုံးမှာ (၂)နှစ်အရွယ်မှ အသက်အကြီးဆုံးအဖြစ် (၆၅)နှစ်ထိ ပါဝင်ကြောင်း သိရသည်။

ဟိုပုံးမြို့တွင် ဩဂုတ်လ(၆)ရက်နေ့ကလည်း Covid-19 ကူးစက်ခံထားရသည့် သံဃာ (၂၈)ပါးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency