ပင်းတယနှင့်ညောင်ရွှေတို့မှ အတည်ပြုလူနာ (၃)ဦးအနက် (၂)ဦးက quarantine မဝင်မီ နေအိမ်၌ မိသားစုဖြင့် နေထိုင်ခဲ့၍ ထိတွေ့သူများကို ကျန်းမာရေးက ဓာတ်ခွဲနမူနာယူစစ်မည်

ပင်းတယနှင့်ညောင်ရွှေတို့မှ အတည်ပြုလူနာ (၃)ဦးအနက် (၂)ဦးက quarantine မဝင်မီ နေအိမ်၌ မိသားစုဖြင့် နေထိုင်ခဲ့၍ ထိတွေ့သူများကို ကျန်းမာရေးက ဓာတ်ခွဲနမူနာယူစစ်မည်
စက်တင်ဘာ 30, 2020
By Tachileik News Agency
 
ပင်းတယနှင့်ညောင်ရွှေတို့မှ အတည်ပြုလူနာ (၃)ဦးအနက် (၂)ဦးက quarantine မဝင်မီ နေအိမ်၌ မိသားစုဖြင့် နေထိုင်ခဲ့၍ ထိတွေ့သူများကို ကျန်းမာရေးက ဓာတ်ခွဲနမူနာယူစစ်မည်
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယနှင့် ညောင်ရွှေတွင် COVID 19  ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ညပိုင်းက ဓာတ်ခွဲအဖြေရထားသူ (၃) ဦးအနက် (၂)ဦးမှာ ရန်ကုန်မှပြန်လာပြီး facility quarantine မဝင်မီ နေအိမ်၌မိသားစုနှင့် ရက်အနည်းငယ်နေထိုင်ခဲ့ကြကြောင်း သိရသည်။
"ပင်းတယက တစ်ယောက်ကတော့ ရန်ကုန်က ပြန်လာလာချင်း သူ့ဘာသာ ကျန်းမာရေးက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး Quarantine ကို တန်းဝင်သွားတယ်။ သူနဲ့ကားအတူစီးလာတဲ့ (၆)ယောက်ရှိတယ်။ အားလုံးကတော့ facility quarantine မှာပဲရှိတယ်။ သူတို့က တခြားအပြင်လူ contact မရှိတော့ဘူးပေါ့နော်။ ညောင်ရွှေက နှစ်ယောက်ထဲမှာ (၁၉)နှစ်ကောင်လေး တစ်ယောက်ကတော့ သူ့အောင်ပန်းအိမ်မှာ ဝင်အိပ်ခဲ့ပြီးမှ ညောင်ရွှေ quarantine ဝင်သွားတာ။ အဲဒီတော့ သူ့မိသားစုက contact ဖြစ်နိုင်တယ်။ နောက် ညောင်ရွှေက (၂၁)နှစ် အမျိုးသားတစ်ယောက်ကတော့ ရန်ကုန်ကနေ (၁၈) ရက်နေ့မှာရောက်တော့ သူ့အိမ်မှာနေတယ်။ နေပြီးတော့မှ (၂၁)ရက်နေ့မှ quarantine ဝင်တာဆိုတော့ contact က သူ့မိသားစုတွေရှိမယ်။ အပြင်လူတွေလည်းရှိနိုင်တော့ စုံစမ်းဆဲပဲပေါ့နော်။"ဟု ရှမ်းပြည်နယ်တောင်ပိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စက်တင်ဘာလ (၃၀)ရက်နေ့ညပိုင်းက ထပ်တိုးလာသည့် ပင်းတယနှင့် ညောင်ရွှေမှ အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့သူများအား ဓာတ်ခွဲနမူနာရယူစစ်ဆေးရန် စုံစမ်းရှာဖွေမှုများ ပြုလုပ်နေသည့်အပြင် မူဆယ်မြို့၌ အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသည့် ကုန်တင်ယာဉ်မောင်းနှင့် ထိတွေ့သည့် ဘော်ဆိုင်းမှ ထိတွေ့သူ (၄)ဦးကိုလည်း ဓာတ်ခွဲနမူနာရယူထားပြီးဖြစ်ကြောင်း သိရသည်။
"မူဆယ်ကတော့ ဒီနေ့မှ positive သေချာထွက်တယ်ပေါ့နော်။ သူနဲ့ထိတွေ့ခဲ့တာက ဘော်ဆိုင်းမှာ အလုပ်ကလူ (၄)ယောက်တော့ရှိတယ်။ သူတို့ဆီကနေလည်း swap ယူထားပြီးပြီ။ တောင်ကြီးရောက်နေပါပြီ။ မနက်ဖြန်တော့ စစ်သွားမှာပေါ့နော်။"ဟု ရှမ်းပြည်နယ်တောင်ပိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ (၃)ဦးကို အောက်တိုဘာလ (၁)ရက်နေ့၌ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ပြီး စက်တင်ဘာလ (၃၀)ရက်နေ့အထိ စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၃)ဦးရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~