ကျိုင်းတုံမြို့တွင် သင်္ကြန်အကျနေ့က နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထု မြို့တွင်းလှည့်လည်၊ စစ်ကောင်စီတပ်က သေနတ်များဖြင့် လိုက်ပါ

ရှေ့ဆုံးတွင် ပန်းနုရောင် အင်္ကျီဖြင့် တိုင်းမှူး လိုက်ပါလာစဉ် စစ်ဝတ်၊ အရပ်ဝတ်များဖြင့် သေနတ်ဆောင်ကာ လိုက်ပါပေးနေကြရစဉ်

ဧပြီ 15, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်ပို့ဆောင်ပွဲကို ၂၀၂၂ခုနှစ် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။

နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုအား စပ်လုံကတ်အောင်မြေနတ်နန်းမှ မြို့အတွင်းသို့ လှည့်လည်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့က လိုက်ပါလာသည့်အတွက် လမ်းတလျှောက် စစ်ယူနီဖောင်း၊ ရဲယူနီဖောင်းများနှင့်အပြင် ပြည်သူဟန်ဆောင်ကာ အရပ်ဝတ်များဖြင့်ပါ သေနတ်များကိုင်ဆောင်ပြီး လုံခြုံရေးယူပေးထားရသည်ကို တွေ့ရသည်။

ကျိုင်းတုံမြို့တွင် တာချီလိတ်မြို့ကဲ့သို့ ဖောက်ခွဲမှုများ နှင့် စစ်အာဏာရှင်ကို တော်လှန်သူ နည်းပါးသော်လည်း သေနတ်ကိုင် အစောင့်အရှောက်များဖြင့် သွားလာနေရသည်ကို တွေ့နေရခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့၏ သင်္ကြန်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့က မြို့မဈေးကြီးအနီးရှိ နာရီစင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။