ဂျာမနီ၊ နယ်သာလန်၊ အီရန်၊ စပိန်နှင့် တရုတ်နိုင်ငံသားများ မော်တော်ယာဉ်၊ မော်ဆော်ဆိုင်ကယ်များဖြင့် တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်

ဂျာမနီ၊ နယ်သာလန်၊ အီရန်၊ စပိန်နှင့် တရုတ်နိုင်ငံသားများ မော်တော်ယာဉ်၊ မော်ဆော်ဆိုင်ကယ်များဖြင့် တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

ဂျာမနီ၊ နယ်သာလန်၊ အီရန်၊ စပိန်နှင့် တရုတ်နိုင်ငံသားများ မော်တော်ယာဉ်၊ မော်ဆော်ဆိုင်ကယ်များဖြင့် တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်းသို့ ဂျာမနီ၊ နယ်သာလန်၊ အီရန်၊ စပိန်နှင့် တရုတ်နိုင်ငံသား (၂၃)ဦးတို့သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသား (၂) ဦး၊ နယ်သာလန်နိုင်ငံသား (၁) ဦး၊ အီရန်နိုင်ငံသူ (၁) ဦး၊ စပိန်နိုင်ငံသူ (၁) ဦး၊ စုစုပေါင်း (၅) ဦးပါဝင်သော ခရီးသွားအဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် တမူးမြို့မှ မော်တော်ယာဉ် (၂) စီး၊ မော်တော်ဆိုင်ကယ် (၁) စီးဖြင့် ဝင်ရောက်လာခဲ့ပြီး တမူး၊ ဂန့်ဂေါ၊ မုံရွာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ (၁၀) ရက်ကြာ လည်ပတ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားမှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၁၈) ဦးပါဝင်သော ခရီးသွားအဖွဲ့သည် မော်တော်ယာဉ် (၈) စီးဖြင့် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှဝင်ရောက်လာခဲ့ပြီး မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ (၁၀) ရက်ကြာလာရောက်လည်ပတ်ခြင်းဖြစ်ပြီး တာချီလိတ်မြို့သို့ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်ရောက်ရှိပြီး ညအိပ်ရပ်နားက (၇) ရက်နေ့တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၁၈) ဦးပါဝင်သောအဖွဲ့သည် ပုဂံဒေသသို့ရောက်ရှိချိန်တွင် နေဝင်ချိန်ကြည့်ရှုသည့် အိုးထိန်းကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့်တက်ရောက်ခဲ့ပြီး ခရီးသွားအချို့မှာ ဘီယာသောက်ရန်ပြင်ဆင်မှုများပြုလုပ်ခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂၁ ဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက် သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~