လာအိုနိုင်ငံဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိလာအိုနိုင်ငံဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိ

လာအိုနိုင်ငံဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိလာအိုနိုင်ငံဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိ
မေ 16, 2019
By Tachileik News Agency



အဆိုပါ တရုတ်နိုင်ငံသားများမှာ လာအိုနိုင်ငံမှတစ်ဆင့် မယ်ခေါင်မြစ်ကို စက်လှေဖြင့်ဖြတ်သန်းကာ နေ့လယ် (၁၁)နာရီခွဲဝန်းကျင်က မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း လာအိုနိုင်ငံဘက်ကတဆင့် တရားမဝင် ဖြတ်သန်းဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဝမ်ပုံ - တာချီလိတ်ကားလမ်းတွင် လမ်းလျှောက်လာသည့် တရုတ်နိုင်ငံသား (၄)ဦးကို ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ဝမ်ပုံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများမှာ လာအိုနိုင်ငံမှတစ်ဆင့် မယ်ခေါင်မြစ်ကို စက်လှဖြေင့်ဖြတ်သန်းကာ နေ့လယ် (၁၁)နာရီခွဲဝန်းကျင်က မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၄)ဦးဖြစ်သည့် ဟန်စီးဟုန်၊ လောင်တင့်ယင်၊ ရန်ပေါနှင့် ကွမ်းကျင်ပေါတို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ)၉/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် မေလ(၁၆)ရက်နေ့တွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net