ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း ငလျင်ပြင်းထန်သွား

ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း ငလျင်ပြင်းထန်သွား
ဧပြီ 10, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း လွိုင်လင် -  လဲချား - နမ့်စန် - ကွန်ဟိန်း - ကျေးသီးမြို့နှင့် နီးစပ်ရာမြို့များတွင် အချိန်အနည်းငယ် ကြာမြှင့်သည့် အင်အား  ရစ်ချ်တာစကေး(၅.၁) ရှိ ငလျင် ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၁၀)ရက်နေ့ နံနက်(၆)နာရီ (၃၆)မိနစ် (၁၆)စက္ကန့်အချိန်က လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက အသိပေးထားရှိသည်။

'အရမ်းကြမ်းတယ်ဗျ။ ငလျင်အကြာကြီးပဲ။ တစ်မိနစ်နီးပါး လှုပ်တာ။ အိမ်ဆို ခါရမ်းသွားတယ်။"ဟု နမ့်စန်မြို့နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ အတည်ပြု ပြောဆိုသည်။

အလားတူ ယနေ့ ဧပြီလ(၁၀)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း နံနက်(၂)နာရီ (၄၃)မိနစ် (၀၂)စက္ကန့်အချိန်က မိုင်းဆတ် နှင့် မိုင်းတုံအကြား ရစ်ချ်တာစကေး( ၁.၅)ရှိ အသေးစား ငလျင်လှုပ်ခတ်သွားသလို နံနက်(၆)နာရီ (၂၅)မိနစ် (၅၉)စက္ကန့်အချိန်ကလည်း တာချီလိတ်မြို့တွင်  ရစ်ချ်တာစကေး( ၁.၆)ရှိ အသေးစား ငလျင်လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက သတင်းထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။