နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် လုပ်ဆောင်ရာ လူဦးရေအမြောက်အများ ပါဝင်

နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် လုပ်ဆောင်ရာ လူဦးရေအမြောက်အများ ပါဝင်
ဖေဖော်ဝါရီ 9, 2021 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် လုပ်ဆောင်ရာ ပြီးခဲ့သည့် ရက်ထက် လူဦးရေအမြောက်အများ ထပ်တိုး ပါဝင်ကြောင်း သိရသည်။ 

ယနေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ဝန်ထမ်း နှင့် မြန်မာစီးပွားရေးဘဏ်မှ ဝန်ထမ်းများ အပါအဝင် ပြည်သူများဖြင့် လူဦးရေ ထောင်နှင့်ချီ၍ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။ 

ဆန္ဒထုတ်ဖော်သူများက သမ္မတကြီး ဦးဝင်းမြင့်နှင် နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးရေး၊ စစ်အာဏာရှင်အား အလိုမရှိ၊ 

ရွေးကောက်ခံ ကိုယ်စားလှယ်များအား လွတ်တော်အတည်ပြုပေးရေးကို စသည့် တောင်းဆိုခဲ့ကြပါတယ်။

Tachileik News Agency

ဓါတ်ပုံ - KOHmooe