ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုးတွေ့ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုးတွေ့ရှိ
အောက်တိုဘာ 2, 2020
By Tachileik News Agency
ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုးတွေ့ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ပင်းတယနှင့် အောင်ပန်းမြို့တို့တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာ ကန့်သတ်ထားသူ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိထားသည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှပြန်လာ၍ တောင်ကြီးမြို့တွင် အသွားအလာ ကန့်သတ်ထားသည့် အသက် (၃၀)အရွယ် အမျိုးသား၊   ပင်းတယတွင် အသွားအလာ ကန့်သတ်ထားသည့် အသက် (၂၈)နှစ်အရွယ် အမျိုးသားနှင့် အောင်ပန်းတွင် အသွားအလာကန့်သတ်ထားသည့် အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာ (၃)ဦးအနက် ပင်းတယမှ အတည်ပြုလူနာမှာ စက်တင်ဘာလ (၃၀) ရက်နေ့က ဓာတ်ခွဲအဖြေရသည့် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူဖြစ်ကြောင်း သိရသည်။
ထပ်တိုးအတည်ပြုလူနာ (၃)ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ အောက်တိုဘာလ (၂)ရက်နေ့တွင် ဓာတ်ခွဲနမူနာ (၁၀၂) ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၃)ဦးကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာများ နေ့စဉ်ထပ်တိုးနေရာ အများပြည်သူအနေဖြင့် လူထူထပ်သောနေရာများကို ရှောင်ရှားခြင်း၊ တတ်နိုင်သရွေ့ မိမိအိမ်တွင်သာနေထိုင်ခြင်း၊ မဖြစ်မနေ အပြင်သွားရပါက Mask များကို စနစ်တကျ တပ်ဆင်ခြင်းနှင့် အပြင်သွားရာမှ ပြန်လာပါက လက်များကို စနစ်တကျ သေချာစွာဆေးကြောခြင်း စသည့် COVID-19 ကာကွယ်ရန် လိုအပ်သော နည်းလမ်းများကို အထူးဂရုပြုကြရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~