ပင်းတယမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုအတွင်း UG အဖွဲ့က (၂)ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ တပ်ဘက်ကလည်း (၂)ဦး သေဆုံး

ပင်းတယမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုအတွင်း UG အဖွဲ့က (၂)ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ တပ်ဘက်ကလည်း (၂)ဦး သေဆုံး
ဧပြီ 6, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့အနီးရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တဲကို ဧပြီလ(၄)ရက်နေ့က  သွားရောက်တိုက်ခိုက်မှုအတွင်း Underground Revolution - UGR ၏ တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးခဲ့ရသည့်အတွက် ဝမ်းနည်ကြေကွဲရကြောင်း  အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN)က ဧပြီလ(၅)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

မိမိတို့တပ်ဖွဲ့နှင့် တပ်ရင်းတူ သင်တန်းဆင်းရဲဘော်များ ကျဆုံးခဲ့ရသည့်အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရပါသည်။ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးပြန်လည်ရယူနိုင်ရန် မိမိတို့တပ်ဖွဲ့မှ အစွမ်းကုန် ကြိုးစားသွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။

ဟု  အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN)က သတင်းထုတ်ပြန်ထားသည်။

Underground Revolution - UGR ၏ Facebook Page ကို ဆက်သွယ်ဖူးသူများအနေဖြင့်လည်း သတိထားကြဖို့လည်း  အွန်လိုင်းပေါ်တွင် ဆင့်ကဲ သတိပေးမှုများဖြင့် အသိပေးထားကြသည်ကိုလည်း တွေ့ရသည်။

Underground Revolution - UGR အဖွဲ့၏ Admin ပါ သွားပါသဖြင့် အဆိုပါအဖွဲ့ကို ဆက်သွယ်ဖူးသူများ အဆက်အစပ်ရှိသူများ ကြိုတင် ရှောင်ရှားနိုင်ကြစေရန် အထူးသတိပေးလိုပါသည်။

ဟု အသိပေးထားကြခြင်း ဖြစ်သည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တဲ ပစ်ခတ်မှုအတွင်း UGR အဖွဲ့မှ (၂)ဦး ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်မှလည်း (၂)ဦး သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။