ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တုိင္ပြဲေတာ္ကာလတြင္ လမ္းညႊန္မ်ားကို ျမန္မာ၊ ရွမ္း၊ ပအိုဝ္း သံုးဘာသာျဖင့္ ျဖန္႔ေဝထားမည္

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တုိင္ပြဲေတာ္ကာလတြင္ လမ္းညႊန္မ်ားကို ျမန္မာ၊ ရွမ္း၊ ပအိုဝ္း သံုးဘာသာျဖင့္ ျဖန္႔ေဝထားမည္
နိုဝင်ဘာ 3, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄) ရက္ေန႔မွ (၂၃) ရက္ေန႔အထိ က်င္းပမည့္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကာလတြင္ ေတာင္ႀကီးၿမိဳ႕ အဝင္မွစ၍ လမ္းညႊန္ ဆိုင္းဘုတ္မ်ား ထားရိွ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“လမ္းညႊန္ ဆုိင္းဘုတ္ေတြကို ေအးသာယာကေန တက္ကတည္းက ဘယ္လမ္းက သြားလို႔ရတယ္။ ဘယ္လမ္းက သြားလို႔ မရဘူး။ ဘယ္လမ္းက လံုၿခံဳေရးရိွတယ္။ ဘယ္လမ္း ဘာရိွတယ္ စသျဖင့္ေပါ့ လမ္းညႊန္ ဆုိင္းဘုတ္ေတြနဲ႔ ေၾကာ္ျငာေပးမယ္။ ေအးရွားေဖါင္ေဒးရွင္းကလည္း တန္ေဆာင္တုိင္ပြဲ လမ္းညႊန္ကို ျမန္မာ၊ ရွမ္း၊ ပအိုဝ္းသံုးဘာသာျဖင့္ အေစာင္ေရ (၅၀,၀၀၀)ျဖန္႔ေပးဖို႔ သေဘာ တူထားပါတယ္”ဟု ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုႏွစ္ တန္ေဆာင္တုိင္ပြဲေတာ္တြင္ IC Show ကို ထည့္သြင္းျခင္း မျပဳေတာ့ဘဲ ေကာ္မတီရန္ပံုေငြမွ က်ပ္သိန္း(၁၀၀)ကို ကေမၻာဇသာမေဏေက်ာ္စာေမးပြဲ၊ စာျပန္ပြဲအတြက္ လွဴဒါန္းထားေၾကာင္း သိရသည္။

“ဒီႏွစ္ပြဲက တင္ဒါက သိန္း (၃,၄၀၀) ေက်ာ္နဲ႔ တင္ဒါေအာင္တယ္။ အသံုးစရိတ္အေနနဲ႔ လုပ္ငန္းေကာ္မတီ (၁၂) ခုက ဒီေန႔(ႏိုဝင္ဘာလ ၂ ရက္)တင္ျပတာ စုစုေပါင္း  က်ပ္သိန္း (၃,၀၀၀)ရိွတယ္။ ဒီၾကားထဲမွာ တစ္ခ်ိဳ႕လည္း အလုပ္ လုပ္ရင္း လိုတာေလးေတြလည္း ရိွေတာ့ရိွႏုိင္တယ္။ ေနာက္ ကေမၻာဇ သာမေဏေက်ာ္ စာေမးပြဲ၊ စာျပန္ပြဲအတြက္ ေကာ္မတီရန္ပံုေငြကေန က်ပ္သိန္း(၁၀၀)လွဴဒါန္းတယ္။ IC Show ေတာ့ မထည့္ေတာ့ဘူးေပါ့။ ဒါက တန္ေဆာင္တိုင္ပြဲဆိုေတာ့ IC Show မထည့္ေတာ့ဘူးေပါ့ေနာ္။ ေခါင္းစဥ္က မီးပံုးပ်ံပြဲျဖစ္လုိ႔ မီးပံုးပ်ံပြဲနဲ႔ သက္ဆုိင္တာေတြထည့္မယ္ဆိုၿပီး စာေပၿပိဳင္ပြဲထည့္သြင္း ထားတယ္။ ကဗ်ာ၊ကာတြန္း၊ေဆာင္းပါးၿပိဳင္ပြဲေပါ့”ဟု ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ယခုႏွစ္ တန္ေဆာင္တုိင္ပြဲေတာ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ မီးပံုးပ်ံအေရအတြက္ စုစုေပါင္း (၄၀၀) ဝန္းက်င္ရိွေနၿပီး ယမန္ႏွစ္ထက္ ပိုမ်ားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလတွင် တောင်ကြီးမြို့ အဝင်မှစ၍ လမ်းညွှန် ဆိုင်းဘုတ်များ ထားရှိ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“လမ်းညွှန် ဆိုင်းဘုတ်တွေကို အေးသာယာကနေ တက်ကတည်းက ဘယ်လမ်းက သွားလို့ရတယ်။ ဘယ်လမ်းက သွားလို့ မရဘူး။ ဘယ်လမ်းက လုံခြုံရေးရှိတယ်။ ဘယ်လမ်း ဘာရှိတယ် စသဖြင့်ပေါ့ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ကြော်ငြာပေးမယ်။ အေးရှားဖောင်ဒေးရှင်းကလည်း တန်ဆောင်တိုင်ပွဲ လမ်းညွှန်ကို မြန်မာ၊ ရှမ်း၊ ပအိုဝ်းသုံးဘာသာဖြင့် အစောင်ရေ (၅၀,ဝဝဝ)ဖြန့်ပေးဖို့ သဘော တူထားပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် IC Show ကို ထည့်သွင်းခြင်း မပြုတော့ဘဲ ကော်မတီရန်ပုံငွေမှ ကျပ်သိန်း(၁၀၀)ကို ကမ္ဘောဇသာမဏေကျော်စာမေးပွဲ၊ စာပြန်ပွဲအတွက် လှူဒါန်းထားကြောင်း သိရသည်။

“ဒီနှစ်ပွဲက တင်ဒါက သိန်း (၃,၄၀၀) ကျော်နဲ့ တင်ဒါအောင်တယ်။ အသုံးစရိတ်အနေနဲ့ လုပ်ငန်းကော်မတီ (၁၂) ခုက ဒီနေ့(နိုဝင်ဘာလ ၂ ရက်)တင်ပြတာ စုစုပေါင်း ကျပ်သိန်း (၃,ဝဝဝ)ရှိတယ်။ ဒီကြားထဲမှာ တစ်ချို့လည်း အလုပ် လုပ်ရင်း လိုတာလေးတွေလည်း ရှိတော့ရှိနိုင်တယ်။ နောက် ကမ္ဘောဇ သာမဏေကျော် စာမေးပွဲ၊ စာပြန်ပွဲအတွက် ကော်မတီရန်ပုံငွေကနေ ကျပ်သိန်း(၁၀၀)လှူဒါန်းတယ်။ IC Show တော့ မထည့်တော့ဘူးပေါ့။ ဒါက တန်ဆောင်တိုင်ပွဲဆိုတော့ IC Show မထည့်တော့ဘူးပေါ့နော်။ ခေါင်းစဉ်က မီးပုံးပျံပွဲဖြစ်လို့ မီးပုံးပျံပွဲနဲ့ သက်ဆိုင်တာတွေထည့်မယ်ဆိုပြီး စာပပြေိုင်ပွဲထည့်သွင်း ထားတယ်။ ကဗျာ၊ကာတွန်း၊ဆောင်းပါးပြိုင်ပွဲပေါ့”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအရေအတွက် စုစုပေါင်း (၄၀၀) ဝန်းကျင်ရှိနပြေီး ယမန်နှစ်ထက် ပိုများကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~