ပြည်တွင်းလေကြောင်းဖြင့် stay at home မှ non stay at home သွားမည့် ခရီးသည်မှလွဲ၍ ကျန်ခရီးသည်များ ဆိုက်ရောက်ဒေသတွင် quarantine ဝင်ရန်မလို

ပြည်တွင်းလေကြောင်းဖြင့် stay at home မှ non stay at home သွားမည့် ခရီးသည်မှလွဲ၍ ကျန်ခရီးသည်များ ဆိုက်ရောက်ဒေသတွင် quarantine ဝင်ရန်မလို
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
ပြည်တွင်းလေကြောင်းဖြင့် stay at home သတ်မှတ်ထားသည့် ဒေသမှ non stay at home ဒေသများသို့ သွားမည့် ခရီးသည်မှလွဲ၍ ကျန်ခရီးသည်များ ဆိုက်ရောက်ဒေသတွင် quarantine ဝင်ရန်မလို 
ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် stay at home ဒေသမှနေ၍ stay at home မသတ်မှတ်သည့်ဒေသသို့ သွားသူများမှလွဲ၍ ကျန်ခရီးသည်အားလုံး ထွက်ခွာရာမြို့၌ COVID 19 စစ်ဆေးမှုတစ်ကြိမ်သာ ပြုလုပ်ရန်လိုအပ်ပြီး ဆိုက်ရောက်မြို့၌ ထပ်မံစစ်ဆေးရန်မလို၍ quarantine ဝင်ရန်မလိုကြောင်း သိရသည်။
“stay at home ကနေ non stay at home ကိုသွားတဲ့သူတွေလွဲရင် quarantine ဝင်ဖို့မလိုဘူး။ stay at home ကနေ stay at home ဒေသအချင်းချင်းသွားမယ်၊ non stay at home ဒေသအချင်းချင်းသွားမယ်၊ နောက် non stay at home ဒေသကနေ stay at home ဒေသသွားမယ်ဆိုရင် quarantine ဝင်စရာမလိုဘူး။ သူက လေယာဉ်စီးကတည်းက (၃၆)နာရီအတွင်း စစ်ထားတဲ့အဖြေပါထားပြီးသားဖြစ်လို့”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။
မည်သည့်ဒေသမှဖြစ်စေ ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းမည့်သူအားလုံး လေယာဉ်လက်မှတ်ပြသ၍ ကျန်းမာရေးဌာနတွင် COVID 19 စစ်ဆေးမှုခံယူကြရမည်ဖြစ်ပြီး Stay at home သတ်မှတ်ထားသည့်ဒေသများမှနေ၍ stay at home မသတ်မှတ်သည့်ဒေသသို့ ပြည်တွင်းလေကြောင်းခရီးစဉ်စီးနင်းမည့် ခရီးသည်များမှလွဲ၍ ကျန်ခရီးသွားအားလုံး ဆိုက်ရောက်ဒေသ၌ quarantine ဝင်စရာမလိုတော့ကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ ပြေးဆွဲခွင့်ပြုထားပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ခွင့်ပြုထားခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~