ထမ်စမ်းဂူဆရာတော် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏ Death Body တွင် Covid-19 ပိုးတွေ့ကြောင်း ကျန်းမာရေးက ထုတ်ပြန်

ထမ်စမ်းဂူဆရာတော် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏ Death Body တွင် Covid-19 ပိုးတွေ့ကြောင်း ကျန်းမာရေးက ထုတ်ပြန်
စက်တင်ဘာ 3, 2021 | Covid-19| ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ ထမ်စမ်းဂူဆရာတော် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏  Death Body အား စက်တင်ဘာလ(၁)ရက်နေ့၏ စစ်ဆေးချက်အရ  Covid-19 ပိုးစစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးက ထုတ်ပြန်ကြေညာထားသည်။

ဟိုပုံးမြို့နယ်ကျန်းမာရေး၏ 3.9.2021 နေ့တွင် ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ နံနက်(၁၁)နာရီ (၅၀)မိနစ်အချိန်က ပျံလွန်တော်မူသွားသည့် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏ ရုပ်ကလာပ်တော်အား ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးရာ COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု စက်တင်ဘာလ(၁)ရက်နေ့က ထုတ်ပြန်သည့် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ထုတ်ပြန်ကြေညာစာတွင်လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသော်လည်း ကျန်းမာရေးက ယနေ့မှ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ထုတ်ပြန်ကြေညာစာတွင်  ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)တွင် Covid-19 ပိုးတွေ့ရှိကြောင်းနှင့် ဟိုတိကျေးရွာ နှင့် ဟိုပုံးကိုရင်လေးကျောင်းအား ( Local Semi-Lockdown)အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း စသည်တို့ကို ဖော်ပြထားသော်လည်း အဆိုပါ အမိန့်ထုတ်ပြန်ကြေညာစာသည် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် မထုတ်ပြန်သည့်အတွက် အဆိုပါနေ့ကတည်းက ပြည်သူများအကြား ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)ပျံလွန်တော်မူသည့် ကိစ္စနှင့် ပတ်သက်၍ နားလည်မှုများ လွဲခဲ့ကြသည်ကိုလည်း တွေ့ရသည်။

Covid-19 ကူးစက်ခံရပြီးနောက် ပျံလွန်တော်မူသွားသည့်  ထမ်စမ်းဂူဆရာတော် ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)၏ ရုပ်ကလာပ်တော်အား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ ညနေပိုင်းက အန္တိမဈာပနကျင်းပပြီး မီး(သင်္ဂြိုလ်)ပူဇော်ခဲ့ကြသည်။

#TachileikNewsAgency