ဟိုပုံးမြို့နယ်အတွင်း မဲနယ်တောင်ရှိ အများပြည်သူပိုင်လမ်းများပေါ် ကားနှင့်ဆိုင်ကယ်များ သွားလာ၍ မရစေရန် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က  ဘူဒိုဇာဖြင့် လမ်းကို ဖျက်ဆီးသွား

Photo: PNLA News & Information Department

ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ အများပြည်သူပိုင် လမ်းကို စစ်ကောင်စီတပ်နှင့် PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့က စက်ယန္တရားဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့က ကား/ဆိုင်ကယ်များ သွားလာခြင်း မပြုလုပ်နိုင်ရန် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ဘူဒိုဇာဖြင့် ဖျက်ဆီးလိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအတွက် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များ ဖျက်ဆီးခဲ့သည့် လမ်းကို ဒေသခံနှင့်ခရီးသွားပြည်သူများ ယာယီသွားလာနိုင်ရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ပြင်ဆင်ပေးခဲ့သည်ဟုလည်း သိရသည်။