ဟိုပုံးမြို့နယ်အတွင်း COVID-19 ဖြစ်ပွားသူများ ဆေးရုံမတက်ပါက အရေးယူမည်

ဟိုပုံးမြို့နယ်အတွင်း COVID-19 ဖြစ်ပွားသူများ ဆေးရုံမတက်ပါက အရေးယူမည်
သြဂုတ် 11, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း COVID-19 ဖြစ်ပွားသူများ ဆေးရုံမတက်ပါက အရေးယူမည်ဟု ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့တွင် ဟိုပုံးဆေးရုံက အသိပေးထားသည်ကို တွေ့ရသည်။

ဟိုပုံးမြို့နယ်တွင် COVID-19 ကို မိမိအစီအစဉ်ဖြင့် စစ်ဆေးပြီး အိမ်တွင်ကုသပါက စစ်ဆေးပေးသူကိုပါ အရေးယူမည်ဟု ဆိုသည်။

သံသယလက္ခဏာများရှိ၍ စစ်ဆေးလိုသူများအနေဖြင့် ဟိုပုံးဆေးရုံတွင် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ (၁၂) နာရီအတွင်း စစ်ဆေးမှုခံနိုင်သည်ဟု ဆိုသော်လည်း ဖုန်းနံပါတ် ၀၈၁-၂၃၄၆၀၃၁ သို့ ဆက်သွယ်၍ ကြိုတင်စာရင်းသွင်းရမည်ဟု ဆိုသည်။

ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းအတွင်း အတည်ပြုလူနာ (၂၆၅) ဦးတွေ့ထားသည့်အနက် ဆေးရုံဆင်းခွင့်ရသူ (၁၂၈) ဦး၊ သေဆုံး (၆) ဦးရှိပြီး ကုသဆဲ (၁၃၁) ဦးရှိနေသည်ဟု ဩဂုတ်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် COVID-19 တတိယလှိုင်းအတွင်း ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ကုသမှုမရဘဲ သေဆုံးရသူအများအပြားရှိနေခြင်းဖြစ်သည်။