မရမ်းချောင်စစ်ဆေးရေးဂိတ်မှ အာဏာသိမ်းတပ်သားများ အလစ်ဝင်တိုက်ခံရ

မရမ်းချောင်စစ်ဆေးရေးဂိတ်မှ အာဏာသိမ်းတပ်သားများ အလစ်ဝင်တိုက်ခံရ
By Tachileik News Agency

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင်ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများကို ၂၀၂၂ ခုနှစ် ဧပြီလ (၂) ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ကြောင်း သိရသည်။

 ကားအဝင်အထွက်များကို စစ်ဆေးသည့် အဆိုပါဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့က လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး (၃) ဦးသေဆုံးသည်ဟု ဆိုသည်။  

အဆိုပါတိုက်ခိုက်မှုမှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ကြောင်း သိရပြီး ဒေသကာကွယ်ရေးအဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်း မရမ်းချောင်စစ်ဆေးရေးဂိတ်ကို မတ်လ(၁၄)ရက်နေ့ကလည်း KNLA တပ်မဟာ(၁)နှင့် PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးသေ၊ ‌(၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။