ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲ (၇၁)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၉၇)ဦး သေဆုံး

ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲ (၇၁)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၉၇)ဦး သေဆုံး
ဖေဖော်ဝါရီ 3, 2022 | အခြားဒေသများ

 ချင်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတစ်လအတွင်း တိုက်ပွဲ(၇၁)ကြိမ်ဖြစ်ကာ စစ်ကောင်စီတပ်သား (၁၉၇)ဦးသေကာ (၆၈)ဦးဒဏ်ရာရကြောင်း Chinland Jonit Defence Force က ယနေ့ဖေဖော်ဝါရီလ(၃)ရက်တွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ချင်းပြည်နယ်အား အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့် စာရင်းကို Chinland Jonit Defence Force က ကောက်ယူထားသည့် စာရင်းဖြစ်ကာ ယင်းတိုက်ပွဲစာရင်းသည် တိုက်ပွဲငယ်စာရင်းများ မပါရှိသေးကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် တိုက်ပွဲများမှာ ထန်တလန်တွင် (၁)ကြိမ်၊ ဖလန်းတွင် (၁၃)ကြိမ်၊ မင်းတပ်တွင်(၁၄)ကြိမ်၊ မတူပီတွင်(၂၉)ကြိမ်၊ ကန်ပတ်လက်တွင်(၃)ကြိမ်၊ တီးတိန်တွင်(၈)ကြိမ်၊ တွန်းဇံတွင်(၂)ကြိမ်နှင့် ပလက်ဝတွင်(၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးမှုတွင် စစ်ကောင်စီမှ (၁၉၇)ဦးသေကာ (၆၈)ဦးဒဏ်ရာရ၊ CJDC မှ (၁၈)ဦးကျဆုံး၊ (၂၀)ဦး ဒဏ်ရာရ၊ ပြည်သူ(၁၃)ဦးသေဆုံး၊ (၁၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရပြီး စစ်ကောင်စီတပ်သား သေဆုံး၊ ဒဏ်ရာရစာရင်းသည် ပိုများပြားနိုင်ခြေရှိကြောင်း ထုတ်ပြန်သည်။

#TachileikNewsAgency