မန္တလေး မဟာအောင်မြေလျှပ်စစ်ရုံးရှိ ဂိတ်အစောင့်တပ်သားများ သေနတ်ဖြင့် ဝင်ပစ်ခံရ၍ တစ်ဦး သေ

မန္တလေး မဟာအောင်မြေလျှပ်စစ်ရုံးရှိ ဂိတ်အစောင့်တပ်သားများ သေနတ်ဖြင့် ဝင်ပစ်ခံရ၍ တစ်ဦး သေ
ဇန်နဝါရီ 14, 2022 | အခြားဒေသများ

မန္တလေးမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးကို ည (၈)နာရီဝန်းကျင်က သေနတ်ဖြင့်ဝင်ပစ်၍ ဂိတ်စောင့်စစ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စခ တစ်ကောင် လဲကျသွားသည်။ ကျန်တစ်ကောင်မှာ သဲအိပ်ဘန်ကာအောက်သို  ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လဲကျသွားတာလား အတည်မပြုနိုင်ပါ။ ယနေ့ညအတွက် ညစာ မုန့်ဟင်းခါးတစ်ပွဲကတော့ သေချာပါသည်

ဟု မြိုပြပျောက်ကြား(JMPDF)က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကို Justice Mandalay People Defense Force(JMPDF) နှင့် Mandalay Phoenix Force (MPF )ပူးပေါင်းအဖွဲ့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု  JMPDF က ထုတ်ပြန်ထားသည်။

လက်နက်မရှိတဲ့ အပြစ်မဲ့ ပြည်သူတွေကို လက်နက်ပြပြီး အနိုင်ကျင့်တဲ့ လုပ်ရပ်များကို  ရပ်တန်းက ရပ်ကြပါ။ ပြည်သူကမွေး ပြည်သူကကျွေးတဲ့ ပြည်သူ့ဘက်တော်သား ကျွန်တော်တို့က  ပြည်သူကိုအနိုင်ကျင့်တဲ့ လုပ်ရပ်များကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလိုပါတယ်

ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရုံးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က ထိခိုက်မှုစာရင်းကို မသိရသေးပါ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း အဆိုပါရုံးကို လူနှစ်ဦးက သေနတ်ဖြင့် ဝင်ပစ်သွားခဲ့သည်။