ပေါက်မြို့နယ်အတွင်း လက်နက်ခဲယမ်းကုန်ကြမ်းများ သယ်ဆောင်လာသည့် စကစတပ်၏ ဗိုလ်ကြီးအပါ (၇)ဦးကို ဖမ်းဆီး၊ ပြန်လည်ခုခံ ထွက်ပြေး၍ ပစ်ခတ်ရာမှ (၇)ဦးစလုံး သေဆုံး

Photo:  ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်
ပေါက်မြို့နယ်အတွင်း လက်နက်ခဲယမ်းကုန်ကြမ်းများ သယ်ဆောင်လာသည့် စကစတပ်၏ ဗိုလ်ကြီးအပါ (၇)ဦးကို ဖမ်းဆီး၊ ပြန်လည်ခုခံ ထွက်ပြေး၍ ပစ်ခတ်ရာမှ (၇)ဦးစလုံး သေဆုံး
ဧပြီ 10, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတင်ဆောင်လာသည့် ကား(၃)စီးနှင့် ဗိုလ်ကြီး(၁)ဦး အပါအဝင်(၇)ဦးကို သေနတ်(၇)လက် ဖြင့် ဖမ်းဆီး ရမိသော်လည်း ၎င်းတို့သည် ခုခံထွက်ပြေးခြင်းကြောင့် ပစ်ခတ်ခဲ့ရသဖြင့် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က ဧပြီလ (၉)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။

RPG ကုန်ကြမ်းပစ္စည်းများ သယ်ဆောင်လာသည့် (၂၂)ဘီး ကား(၃)စီးအား ပေါက်-ဆိပ်ဖြူလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး  ဖမ်းဆီးရမိခဲ့ရာတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကြည်း ၇၂၈၉၅ ဗိုလ်ကြီးသိန်းသန်းစိုး ဦးဆောင်၍ တပ်ကြပ်(၁)ဦးနှင့် တပ်အား (၅)ဦး အပါအဝင် စုစုပေါင်း (၇)ဦးတို့ကို ပေါက်ကပစ (၂၄)မှ ဖရဲသီး၏ သတင်းပေးချက်အရ JUSTICE RANGER အဖွဲ့က ၂၀၂၂ခုနှစ် ဧပြီလ(၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းပစ္စည်းများကို သရက် ကပစ(၁၂)မှ ပေါက် ကပစ (၂၄)သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့် အတူ ကား(၃)စီး၊ MA-3 (၇)လတ်၊ ၅.၅၆ မမ ကျည် (၇၀၀)ခန့်နှင့် ဖုန်း(၁၀)လုံးတို့အား ဖမ်းဆီး သိမ်းဆည်းရခဲ့ပြီးနောက် မဟာမိတ်များဖြစ်သည့် ပေါက်တပ်ရင်း (၂) ၊ MCKC၊ PPDF၊ NSPDF၊ အနောက်ပိုင်းမဟာမိတ်အဖွဲ့များမှ လာရောက် ပူးပေါင်းဖမ်းဆီးရပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော ကား(၃)စီးအနက်မှ Aluminium Round Comps တင်ဆောင်သော (၂၂)ဘီးကားတစ်စီးနှင့် Ferrous (mortar shell)တင်ဆောင်သော (၂၂)ဘီးကားတစ်စီးတို့ကို ပေါက်မြို့နယ်နှင့်ဝေးကွာသော လွတ်မြောက်နယ်မြေသို့ မဟာမိတ်ညီနောင်များ၏ အကူအညီဖြင့် နေရာတခုတွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

Ferrous (Scrap & cutting )တင်ဆောင်သော (၂၂)ဘီးကားတစ်စီးမှာ ပေါက်-ဆိပ်ဖြူလမ်းဘေးတွင် ဘီးပေါက်သွားသဖြင့် အနီးနားတစ်နေရာသို့ သိမ်းဆည်းထားခဲ့သော်လည်း ဧပြီလ (၇) ရက်၊ မနက်ပိုင်းတွင် စစ်ကောင်စီတပ်က တွေ့ရှိသွားကာ ကပဆ (၂၂) ရွှေဘိုကျွန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်

ဖမ်းဆီးရမိသော စကစ(၇)ဦးကို မဟာမိတ်ညီနောင်များ၏ စခန်း၌ ထိန်းသိမ်းထားရာ စစ်ကြောင်းထိုးလာချိန်တွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။