ပြည်သူများဘေးကင်းရေး ပခုက္ကူ - မြစ်ခြေ - ကျွန်းချောင်း - ဆိပ်ဖြူလမ်းမကြီးပေါ် ည(၆) နှင့် မနက်(၆)နာရီအတွင်း လုံးဝမဖြတ်သန်းရန် PDF အသိပေး

ပြည်သူများဘေးကင်းရေး ပခုက္ကူ - မြစ်ခြေ - ကျွန်းချောင်း - ဆိပ်ဖြူလမ်းမကြီးပေါ် ည(၆) နှင့် မနက်(၆)နာရီအတွင်း လုံးဝမဖြတ်သန်းရန် PDF အသိပေး

မကွေးတိုင်း၊ ပခုက္ကူ - မြစ်ခြေ - ကျွန်းချောင်း - ဆိပ်ဖြူလမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့် ပြည်သူပိုင်ယာဉ်များ အနေဖြင့် ည(၆)နာရီမှ မနက်(၆)နာရီအထိ လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်က မတ်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။

ည(၆)နာရီမှ မနက်(၆)နာရီအတွင်း ဖြတ်သန်းသွားလာ အသုံးပြုမည်ဆိုပါက ကားမှန်တံခါးများချ၍ မောင်းနှင်ကြရန် မေတ္တာရပ်ခံထားသည်။

မတ်လ(၃၀)ရက်နေ့ကလည်း ကျွန်းချောင်း - ဆိပ်ဖြူလမ်းမကြီးပေါ်မှ အရှေ့ကမ်းဖြူရွာဘက်သို့ မောင်းနှင်လာသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်(၃)စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးသေကြောင်း သိရသည်။