ကျေးရွာသို့ အာဏာသိမ်းတပ်ကို မကြာခဏခေါ်လာသည့် ဒလန် (၃)ဦး သတ်ခံရပြီးနောက် ကောက်ရိုးပုံရွာကို အာဏာသိမ်းတပ်က ဒုတိယကြိမ် မီးဝင်ရှို့

ပုံအညွှန်း -  ကောက်ရိုးပုံရွာအတွင်း ပထမအကြိမ်က မီးရှို့ခံ ခဲ့ရစဉ်
ပုံအညွှန်း - ကောက်ရိုးပုံရွာအတွင်း ပထမအကြိမ်က မီးရှို့ခံ ခဲ့ရစဉ်
ကျေးရွာသို့ အာဏာသိမ်းတပ်ကို မကြာခဏခေါ်လာသည့် ဒလန် (၃)ဦး သတ်ခံရပြီးနောက် ကောက်ရိုးပုံရွာကို အာဏာသိမ်းတပ်က ဒုတိယကြိမ် မီးဝင်ရှို့
ဇန်နဝါရီ 14, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံကျေးရွာကို အာဏာသိမ်းစစ်တပ်အား မကြာခဏခေါ်သည့် စစ်တပ်သတင်းပေး ဒလန်(၃)ဦး အသတ်ခံရပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့ ညပိုင်းတွင် ဒုတိအကြိမ် နေအိမ်များကို မီးရှို့သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ယမန်နေ့ညတွင် မီးရှို့သွားသည့်အတွင်း CDM ပြုလုပ်ထားသူ ကျောင်းဆရာမတစ်ဦး၏ နေအိမ် အပါအဝင် နေအိမ်(၁၀)လုံးကို မီးရှို့သွားကြောင်း သိရသည်။ 

ကောက်ရိုးပုံကျေးရွာကို စစ်တပ်ခေါ်ပြီး ဇန်နဝါရီလ (၁၂) ရက်နေ့က နေအိမ် (၇)လုံးကို လိုက်ပြပြီး မီးရှို့စေသည့် ဒလန်များမှာ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အသတ်ခံကြရခြင်းဖြစ်ကြောင်း သိရသည်။

ဒလန်တွေကြောင့် ရွာကပြေးနေရတာ။ ခဏခဏ စစ်တပ်ခေါ်လာတယ်။ နောက်ဆုံးအိမ်တွေမီးရှို့ခံရတော့ မခံနိုင်ကြတော့ဘူး ထင်တယ်။ သုံးယောက် အသတ်ခံလိုက်ရတာ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က ရွာတွင်းဝင်၍ မီးရှို့ရာတွင် NLD ပါတီ ထောက်ခံသူများ၏ နေအိမ်အများစု ပါဝင်သွားကြောင်သိရသည်။