ကောလင်းမြို့ကို ဝန်းသို ခမရ ၁၂၀ မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားနေအိမ်ပေါ်ကျရောက်ပြီး နှစ်ဦးသေဆုံး

ကောလင်းမြို့ကို ဝန်းသို ခမရ ၁၂၀ မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားနေအိမ်ပေါ်ကျရောက်ပြီး နှစ်ဦးသေဆုံး
နိုဝင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေပိုင်းက  လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ အရပ်သား (၂)ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် မင်းတဲကြီးရပ်ကွက်ရှိ ဦးဖိုးချိုနေအိမ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရှိ ဦးစိန်သန်းနှင့် ဒေါ်အေးမြတို့ ပွဲချင်းပြီးသေဆုံးပြီး ဒေါ်အေးလှမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၂၀)တပ်ရင်းမှ နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : Infinity Group