ရန်ကုန်-မန္တလေးမီးရထားလမ်းတွင် စစ်ကောင်စီ ရထားတစ်စီး မိုင်းခွဲခံရကာ တိမ်းမှောက်

ရန်ကုန်-မန္တလေးမီးရထားလမ်းတွင် စစ်ကောင်စီ ရထားတစ်စီး မိုင်းခွဲခံရကာ တိမ်းမှောက်

ပဲခူးတိုင်း ကျောက်တံခါးမြိုနယ် တောကျွဲအင်းမြို့နှင့် ဖြူးမြိုနယ် ကညွတ်ကွင်းမြို့တို့အကြားတွင် စစ်ကောင်စီတပ်၏ ကုန်တင်ရထားတစ်စီး ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရသဖြင့် ပျက်စီးမှုများကြောင်း သိရသည်။

ယနေ့ နံနက်(၉)နာရီဝန်းကျင်တွင် ရန်ကုန်-မန္တလေးမီးရထားလမ်းတွင် ရန်ကုန်ဘက်သို့ မန္တလေးဘက်မှ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ကုန်တင်ရထား မိုင်းခွဲခံရပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခွဲခံရပြီးနောက် ရထားတွဲများမိုင်းထိမှန်ပျက်စီးသွားခဲ့သည့်အပြင် ရထားသံလမ်းလည်း ပျက်စီးသွားခဲ့ကာ လက်ရှိတွင် စစ်ကောင်စီတပ်များ ရောက်ရှိလာကာ စစ်ဆေးရေးလုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

လက်ရှိအချိန်ထိ အသေးစိတ်အခြေအနေနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo : CJ