ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ပြည်မြို့၏ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြင်ဆင်ဖွဲစည်းပြီးကြောင်း ယနေ့ဖေဖော်ဝါရီလ(၁၈)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ ဖေဖော်ဝါရီလ (၁၃) ရက်တွင် နာယက (၃)ဦး ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် (၁)ဦး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် (၁)ဦးနှင့် အဖွဲ့ဝင်များအဖြစ် သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ခံ (၁၀)ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

နာယကများအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ ပါဝင်သည်။



 

အများပြည်သူတို့၏ လုံခြုံရေး၊ တရားဉပဒေ စိုးမိုးရေးတို့အား နည်းမျိုးစုံဖြင့် ခြိမ်းခြောက် အကျပ်ကိုင်လျှက်ရှိသော အကြမ်းဖက်စစ်ကောင်စီနှင့်၎င်းတို့၏ နောက်လိုက်များရန်မှ ကာကွယ်ရန်အတွက် သော်လည်းကောင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို စောင့်ရှောက်ရန် အတွက်သော်လည်းကောင်း၊ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက မူဝါဒများချမှတ်ထားခြင်းဖြစ်သည်။