ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ တိုက္ခိုက္မႈမ်ားအတြင္း အရပ္သားမ်ား မထိခိုက္ေစသင့္ေၾကာင္း RCSS မွတ္ခ်က္ျပဳ

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ တိုက္ခိုက္မႈမ်ားအတြင္း အရပ္သားမ်ား မထိခိုက္ေစသင့္ေၾကာင္း RCSS မွတ္ခ်က္ျပဳ
သြဂုတ် 19, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးႏွင့္ နမ့္ဖက္ကာတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔က ပစ္ခတ္ တုိက္ခုိက္မႈမ်ားအတြင္း လူမႈကူညီေရးအသင္း (၂)ခုမွ လူနာတင္ယာဥ္မ်ား ပစ္ခတ္ခံရမႈႏွင့္ ပတ္သက္၍ ပစ္ခတ္မႈမ်ားအတြင္း အရပ္သားမ်ား မထိခိုက္ေစသင့္ဟု RCSS က သေဘာထားမွတ္ခ်က္ျပဳလုိက္သည္။

“ အရပ္သားျပည္သူေတြကို ထိခုိက္မႈ မရိွေအာင္ ပရဟိတကားေတြကို ထိခိုက္မႈရိွတာေတြ မျဖစ္ေစခ်င္ဘူးေပါ့။ အမွန္ဆိုရင္ ပရဟိတေတြဆိုတာ လူမ်ိဳး၊ ဘာသာခြဲျခားတာ မဟုတ္ဘူး။ သူတုိ႔က ဘယ္အဖြဲ႕ကိုမွကူမယ္ ဘယ္အဖြဲ႕ကိုေတာ့မကူဘူးဆိုတာ မရိွဘူး။ ပရဟိတဆိုတာ ပရဟိတစစ္စစ္ပါပဲ။ ဒါေၾကာင့္မို႔လို႔ ဘယ္လိုပရဟိတပဲျဖစ္ျဖစ္ ဘယ္ဘက္အဖြဲ႕အစည္းကိုပဲ သူတုိ႔သယ္သယ္ အမွန္ဆိုရင္ လြတ္လြတ္လပ္လပ္ကိုပဲ လူနာသယ္ယူလုိ႔ရတယ္လို႔ ကၽြန္ေတာ့္သေဘာအေနနဲ႔ အဲဒီလိုပဲျမင္တယ္ေပါ့ေနာ္။ ဒုကၡေရာက္ေနတဲ့ ဒဏ္ရာရေနတဲ့သူေတြကို ေဆးရံုပို႔ေပးဖို႔ လံုၿခံဳစိတ္ခ်ရတဲ့ ေနရာပို႔ေပးတယ္ဆိုတာကေတာ့ သူတုိ႔ရဲ႕ ပရဟိတရဲ႕လုပ္ငန္း တာဝန္ပဲျဖစ္ပါတယ္။ တပ္ဖက္ကလည္း ႏွစ္ဖက္လံုးကလည္း ဒီပရဟိတကို အကာအကြယ္ယူၿပီး သြားတယ္။ လုပ္တယ္ဆိုတာေတာ့ မျဖစ္သင့္ဘူးလို႔ ျမင္ပါတယ္။ ပရဟိတကေတာ့ ဘယ္တပ္ကျဖစ္ျဖစ္ အရပ္သားျဖစ္ျဖစ္ သူတုိ႔ကေတာ့ ခြဲျခားေနမွာေတာ့ မဟုတ္ဘူးေပါ့”ဟု RCSS (သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ)မွ ဒုတိယဗိုလ္မွဴးႀကီး စိုင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသရိွ နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ားျဖစ္ပြားေနၿပီး လားရိႈးၿမိဳ႕အထြက္တြင္ ၾသဂုတ္လ (၁၇)ရက္ေန႔က ဆီဆိုင္အားမီးရိႈ႕သည့္အတြက္ သြားေရာက္ကူညီသည့္ လားရိႈးလူငယ္လူမႈကူညီေရးအသင္းမွ အသင္းကားတစ္စီး ပစ္ခတ္ခံရၿပီး အသင္းဥကၠဌ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

ယင္းေန႔မွာပင္ ကြတ္ခိုင္ၿမိဳ႕အနီး နမ့္ဖက္ကာအနီး တုိက္ပြဲအတြင္းမွ ဒဏ္ရာရသူမ်ားကို သြားသယ္သည့္ ေမတၱာရွင္လူမႈကူညီေရးအသင္း (နမ့္ဖက္ကာ)မွ အသင္းကားႏွစ္စီး ပစ္ခတ္ခံရၿပီး တစ္ဦးဒဏ္ရာရသြားျခင္း ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ခိုက်မှုများအတွင်း အရပ်သားများ မထိခိုက်စေသင့်ကြောင်း RCSS မှတ်ချက်ပြု
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးနှင့် နမ့်ဖက်ကာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က ပစ်ခတ် တိုက်ခိုက်မှုများအတွင်း လူမှုကူညီရေးအသင်း (၂)ခုမှ လူနာတင်ယာဉ်များ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ပစ်ခတ်မှုများအတွင်း အရပ်သားများ မထိခိုက်စေသင့်ဟု RCSS က သဘောထားမှတ်ချက်ပြုလိုက်သည်။

“ အရပ်သားပြည်သူတွေကို ထိခိုက်မှု မရှိအောင် ပရဟိတကားတွေကို ထိခိုက်မှုရှိတာတွေ မဖြစ်စေချင်ဘူးပေါ့။ အမှန်ဆိုရင် ပရဟိတတွေဆိုတာ လူမျိုး၊ ဘာသာခွဲခြားတာ မဟုတ်ဘူး။ သူတို့က ဘယ်အဖွဲ့ကိုမှကူမယ် ဘယ်အဖွဲ့ကိုတော့မကူဘူးဆိုတာ မရှိဘူး။ ပရဟိတဆိုတာ ပရဟိတစစ်စစ်ပါပဲ။ ဒါကြောင့်မို့လို့ ဘယ်လိုပရဟိတပဲဖြစ်ဖြစ် ဘယ်ဘက်အဖွဲ့အစည်းကိုပဲ သူတို့သယ်သယ် အမှန်ဆိုရင် လွတ်လွတ်လပ်လပ်ကိုပဲ လူနာသယ်ယူလို့ရတယ်လို့ ကျွန်တော့်သဘောအနေနဲ့ အဲဒီလိုပဲမြင်တယ်ပေါ့နော်။ ဒုက္ခရောက်နေတဲ့ ဒဏ်ရာရနေတဲ့သူတွေကို ဆေးရုံပို့ပေးဖို့ လုံခြုံစိတ်ချရတဲ့ နေရာပို့ပေးတယ်ဆိုတာကတော့ သူတို့ရဲ့ ပရဟိတရဲ့လုပ်ငန်း တာဝန်ပဲဖြစ်ပါတယ်။ တပ်ဖက်ကလည်း နှစ်ဖက်လုံးကလည်း ဒီပရဟိတကို အကာအကွယ်ယူပြီး သွားတယ်။ လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ပရဟိတကတော့ ဘယ်တပ်ကဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် သူတို့ကတော့ ခွဲခြားနေမှာတော့ မဟုတ်ဘူးပေါ့”ဟု RCSS (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး လားရှိုးမြို့အထွက်တွင် သြဂုတ်လ (၁၇)ရက်နေ့က ဆီဆိုင်အားမီးရှို့သည့်အတွက် သွားရောက်ကူညီသည့် လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ အသင်းကားတစ်စီး ပစ်ခတ်ခံရပြီး အသင်းဥက္ကဌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့မှာပင် ကွတ်ခိုင်မြို့အနီး နမ့်ဖက်ကာအနီး တိုက်ပွဲအတွင်းမှ ဒဏ်ရာရသူများကို သွားသယ်သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)မှ အသင်းကားနှစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရသွားခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net