ရုရှားဘက်မှ တိုက်ခိုက်မှုများ စတင်လာသည့်အတွက် ယူကရိန်းမြို့တော် ကိယက်ဗ်မှ ပြည်သူများ ထွက်ခွာ တိမ်းရှောင်

   ထွက်ခွာ တိမ်းရှောင်နေသည့် ယူကရိန်းမြို့တော် ကိယက်ဗ်မှ ပြည်သူများ၏ ကားတန်းရှည် [ Photo: nytimes ]
ထွက်ခွာ တိမ်းရှောင်နေသည့် ယူကရိန်းမြို့တော် ကိယက်ဗ်မှ ပြည်သူများ၏ ကားတန်းရှည် [ Photo: nytimes ]
ရုရှားဘက်မှ တိုက်ခိုက်မှုများ စတင်လာသည့်အတွက် ယူကရိန်းမြို့တော် ကိယက်ဗ်မှ ပြည်သူများ ထွက်ခွာ တိမ်းရှောင်
ဖေဖော်ဝါရီ 24, 2022 | နိုင်ငံတကာသတင်း

ရုရှားနိုင်ငံဘက်မှ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၅)နာရီလောက်ကတည်းက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ လုပ်နေကြောင်း ယူကရိန်းသမ္မတက အတည်ပြုထားပြီး ယူကရိန်း မြို့တော် ကိယက်ဗ်တွင် ပေါက်ကွဲသံများကြားနေရကာ ပြည်သူများ စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။



ပို၍ လုံခြုံမည်ဟု ယုံကြည်ရသည့် NATO တပ်ဖွဲ့ရှိရာ နိုင်ငံအနောက်ပိုင်း ပိုလန်နှင့်နီးသည့်ဘက်သို့  မြို့တော် ကိယက်ဗ်မှ ပြည်သူများသည် ကားများဖြင့် ထွက်ခွာနေကြကြောင်း The New York Times သတင်းတွင် ဖေါ်ပြလာသည်ကို တွေ့ရသည်။

ရုရှားက ယူကရိန်းအရှေ့ပိုင်းတွင် စစ်အင်အားဖြန့်ကြက်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာကတည်းက နှစ်ဖက်ကြား တင်းမာမှု မြင့်တက်နေခဲ့ခြင်းဖြစ်သည်။

ရုရှား၏ တိုက်ခိုက်မှုအတွင်း ယူကရိန်းဘက်က သေဆုံးသူ (၇)ဦးရှိပြီး ဒဏ်ရာရရှိသူ (၉)ဦးရှိလာကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ထားသည်။

ရုရှားနှင့် ယူကရိန်းသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများတွင်ပါဝင်ပြီး ကျန်လက်နက်ရောင်းချသည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဆားဘီးယား၊ ပါကစ္စတန်၊ ဘီလာရုစ်နှင့် အစ္စရေးတို့ ဖြစ်ကြသည်။

#TachileikNewsAgency

Photo: nytimes