ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အင်းလေး PDF က ပူးပေါင်းပါဝင် တိုက်ခိုက်

 အင်လေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အင်လေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အင်းလေး PDF က ပူးပေါင်းပါဝင် တိုက်ခိုက်
ဖေဖော်ဝါရီ 18, 2022 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများတွင် အင်လေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ပေးနေကြောင်း ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ရှမ်း - ကယားနယ်စပ် မိုးဗြဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား အဆမတန်ဖြင့် တိုးစစ်ဆင်လာသလို လေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ တိုက်ခံလာသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များမှ ခုခံတိုက်ခိုက်နေရပြီး တိုက်ပွဲအတွင်း၌ နှစ်ဖက် အကျအရှုံများနေသည်ဟုလည်း သိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံအတွင်း လှည့်လည်ကာ ဘုရားဖူးခြင်း၊ အာဏာသိမ်းရသည့် အကြောင်းအရင်းများ လိုက်လံရှင်းပြနေသလို တဖက်တွင်လည်း ကုန်ကြောင်း၊ လေကြောင်းများဖြင့် ထိုးစစ်ဆင်ရန်လည်း အမိန့်ပေးထား၍ ကျေးရွာများနေ ပြည်သူများမှ အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ထွက်ပြေး တိမ်းရှောင်နေရပြီး  ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်လည်း ရရာလက်နက်စွဲကိုင်ကာ ပြန်လည် ခုခံနေကြရသည်။ 

#TachileikNewsAgency