မိတၳီလာ - ေတာင္ႀကီးလမ္းေဘး ဝဲယာတစ္ေလွ်ာက္ စိမ္းလန္းစိုျပည္ေရးအတြက္ အလွပင္ႏွင့္ ေလကာပင္မ်ားကို လမ္းေဖာက္ေရး ကုမၸဏီက ၂၀၁၉ခုႏွစ္အတြင္း အပင္ေပါင္း (၁၅၀၀၀)ေက်ာ္ ဆက္လက္ စိုက္ပ်ဳိးသြားမည္

မိတၳီလာ - ေတာင္ႀကီးလမ္းေဘး ဝဲယာတစ္ေလွ်ာက္ စိမ္းလန္းစိုျပည္ေရးအတြက္ အလွပင္ႏွင့္ ေလကာပင္မ်ားကို လမ္းေဖာက္ေရး ကုမၸဏီက ၂၀၁၉ခုႏွစ္အတြင္း အပင္ေပါင္း (၁၅၀၀၀)ေက်ာ္ ဆက္လက္ စိုက္ပ်ဳိးသြားမည္
မတ် 26, 2019
By Tachileik News Agency

မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို တာဝန္ယူထားသည့္ ေတာင္ေပၚေဒသလမ္း ေဆာက္လုပ္ေရးကုမၸဏီက ၿမိဳ႕တြင္းလမ္းတစ္ေလွ်ာက္ လမ္းေဘးဝဲယာ အလွပင္စိုက္ပ်ိဳးေရးႏွင့္ ၿမိဳ႕ျပင္ေဒသမ်ားတြင္ ေလကာပင္တန္းမ်ား စိုက္ပ်ိဳးရန္ စိုက္ပ်ိဳးေရးပညာရွင္မ်ား၏ အႀကံျပဳခ်က္ရယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီအပင္ေတြကို ေအာင္ျမင္ျဖစ္ထြန္းဖို႔ ကၽြန္ေတာ္တို႔ ကုမၸဏီမွာရိွတဲ့ ၀န္ထမ္းအဖြဲ႕ေတြကလည္း အၿမဲျပဳစုေစာင့္ေရွာက္ေနပါတယ္။ လိုအပ္တဲ့အခ်ိန္မွာ ေရေလာင္းတာတို႔ ကၽြဲႏြားတိရစာၦန္ေတြ မဖ်က္စီးေအာင္လို႔ ေပါင္း ျမက္ေတြရွင္းတာေတြကိုလည္း မၾကာမၾကာ ထိန္းသိမ္းျပဳျပင္သြားပါတယ္ခင္ဗ်"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ဒါရိုက္တာ ဦးထြန္းထြန္းလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးေဘးတစ္ေလွ်ာက္ ေျမေနရာရရိွမႈအေပၚ မူတည္၍ သစ္ပင္မ်ားကို ႏွစ္ပင္တန္း သို႔မဟုတ္ သံုးပင္တန္း စိုက္ပ်ိဳးသြားမည္ျဖစ္ကာ စိန္ပန္းျပာ၊ ခ်ယ္ရီ စသည့္ အပင္မ်ားကို အပင္တစ္မ်ိဳးလွ်င္ (၅)မိုင္မွ (၁၀)မိုင္အထိ တစ္ဆက္တစ္စပ္တည္း စိုက္ပ်ိဳးသြားရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမႀကီးအျဖစ္ ေဖာက္လုပ္ရာတြင္ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးအတြက္ လမ္းေဘးရိွသစ္ပင္မ်ားႏွင့္ လမ္းသားနယ္နမိတ္ မလြတ္သည့္ သစ္ပင္မ်ားကို ခုတ္ထြင္ရွင္းလင္းခဲ့ရသျဖင့္ အစားထိုးသစ္ပင္စုိက္ပ်ိဳးမႈကို ၂၀၁၈ ခုႏွစ္တြင္ အပင္ (၃,၀၀၀) ေက်ာ္စိုက္ပ်ိဳးခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ အပင္ေရ (၁၅,၀၀၀) ေက်ာ္စိုက္ပ်ိဳးႏိုင္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

လက္ရိွတြင္ လမ္းေဘး၀ဲယာ၌ သစ္ပင္မ်ာ းစိုက္ပ်ိဳးႏိုင္ရန္ ေျမသားခ်ဲ႕ထြင္မႈမ်ား လုပ္ေဆာင္ေနၿပီး ပ်ိဳးပင္မ်ားကို စိုက္ပ်ိဳးေရးပညာရွင္မ်ား၏ အႀကံျပဳခ်က္ရယူကာ ကုမၸဏီပိုင္ပ်ိဳးၿခံမ်ားတြင္ ပ်ိဳးေထာင္ထားေၾကာင္း သိရသည္။

ေတာင္ေပၚေဒသလမ္း ေဆာက္လုပ္ေရးကုမၸဏီသည္ မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို တာဝန်ယူထားသည့် တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီက မြို့တွင်းလမ်းတစ်လျှောက် လမ်းဘေးဝဲယာ အလှပင်စိုက်ပျိုးရေးနှင့် မြို့ပြင်ဒေသများတွင် လေကာပင်တန်းများ စိုက်ပျိုးရန် စိုက်ပျိုးရေးပညာရှင်များ၏ အကြံပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီအပင်တွေကို အောင်မြင်ဖြစ်ထွန်းဖို့ ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းအဖွဲ့တွေကလည်း အမြဲပြုစုစောင့်ရှောက်နေပါတယ်။ လိုအပ်တဲ့အချိန်မှာ ရေလောင်းတာတို့ ကျွဲနွားတိရစာ္ဆန်တွေ မဖျက်စီးအောင်လို့ ပေါင်း မြက်တွေရှင်းတာတွေကိုလည်း မကြာမကြာ ထိန်းသိမ်းပြုပြင်သွားပါတယ်ခင်ဗျ"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပြည်ထောင်စုလမ်းမကြီးဘေးတစ်လျှောက် မြေနေရာရရှိမှုအပေါ် မူတည်၍ သစ်ပင်များကို နှစ်ပင်တန်း သို့မဟုတ် သုံးပင်တန်း စိုက်ပျိုးသွားမည်ဖြစ်ကာ စိန်ပန်းပြာ၊ ချယ်ရီ စသည့် အပင်များကို အပင်တစ်မျိုးလျှင် (၅)မိုင်မှ (၁၀)မိုင်အထိ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမကြီးအဖြစ် ဖောက်လုပ်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဘေးရှိသစ်ပင်များနှင့် လမ်းသားနယ်နမိတ် မလွတ်သည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့ရသဖြင့် အစားထိုးသစ်ပင်စိုက်ပျိုးမှုကို ၂၀၁၈ ခုနှစ်တွင် အပင် (၃,ဝဝဝ) ကျော်စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အပင်ရေ (၁၅,ဝဝဝ) ကျော်စိုက်ပျိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

လက်ရှိတွင် လမ်းဘေးဝဲယာ၌ သစ်ပင်များစိုက်ပျိုးနိုင်ရန် မြေသားချဲ့ထွင်မှုများ လုပ်ဆောင်နပြေီး ပျိုးပင်များကို စိုက်ပျိုးရေးပညာရှင်များ၏ အကြံပြုချက်ရယူကာ ကုမ္ပဏီပိုင်ပျိုးခြံများတွင် ပျိုးထောင်ထားကြောင်း သိရသည်။

တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီသည် မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net