Covid-19 တွေ့ရှိထားသည့် တောင်ကြီးမြို့ရှိ  ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရုံးမှ ထိတွေ့သူများကို Quarantine ထားသော်လည်း ရုံးကို ပိတ် မပိတ် ညှိနှိုင်းနေဆဲ

Covid-19 တွေ့ရှိထားသည့် တောင်ကြီးမြို့ရှိ  ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရုံးမှ ထိတွေ့သူများကို Quarantine ထားသော်လည်း ရုံးကို ပိတ် မပိတ် ညှိနှိုင်းနေဆဲ
ဇွန် 24, 2021 | Covid-19| ရှမ်းတောင်

Covid-19 အတည်ပြုလူနာ (၈)ဦးအထိ တွေ့ထားရသည့် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရုံးအား Covid-19 ဆက်လက် မပျံ့ပွားရေးမရှိစေရေးအတွက် ပိတ် မပိတ်ကို တိုင်ပင် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

အသွားအလာတော့ ကန့်သတ်ထားတယ်။ Home  Quarantine ထားရှိတယ်။ ရုံးပိတ်မလား၊ မပိတ်ဘူးလားဆိုတာတော့ တိုင်ပင်ညှိနှိုင်းတုန်းလို့ သိရတယ်

ဟု စည်ပင်ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၄)ရက်နေ့တွင် ပြောသည်။

၂၀၂၁ခုနှစ် ဇွန်လ(၂၃)ရက်နေ့က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စည်ပင်သာယာရေးရုံးတွင် ရုံးတက်နေသည့် ရုံးဝန်ထမ်း နှင့် မိသားစုဝင်များ အပါအဝင် Covid-19 ပိုးရှိသူ  (၈)ဦးအထိ တွေ့ထားရသည့်အတွက် ထိတွေ့မှုရှိသူများကို အသွားအလာကန့်သတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ (၈)ဦးတွင် Covid-19 ကာကွယ်ဆေး (၂)ကြိမ် တိတိ ထိုးပြီးသော်လည်း Covid-19 ပိုးတွေ့ရှိသူ အနည်းဆုံး (၄)ဦးအထိ ပါဝင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ Covid-19 ကူးစက်ခံရသူများမှာ ငွေစာရင်းဌာနစိတ်၊ စီမံဌာနစိတ် နှင့် အခွန်ဌာနစိတ်တို့မှ အပါအဝင် မိသားစုဝင်များလည်း ပါဝင်ကြောင်းသိရသည်။ 

#TachileikNewsAgency