ပင်လောင်းမြို့နယ်တွင် သံဃာ (၃)ပါး အပါအဝင် လူ(၃၀)ဦးကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွား

ပင်လောင်းမြို့နယ်တွင် သံဃာ (၃)ပါး အပါအဝင် လူ(၃၀)ဦးကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွား

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ နမ်းနိန့်ကျေးရွာ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသော သံဃာနှင့် ‌ဒေသခံ (၃၀)ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ထားကြောင်း KNDF ဗဟိုက ၂၀၂၃ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ (၁၁) ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ပင်လောင်မြို့နယ်ရှိ နမ်းနိန့်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေ ယာဉ်အပြင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒေ သခံ (၃၀)ဦးနှင့် သံဃာ (၃)ပါးတို့အား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင်  KNDF၊ PDF၊ KA တို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

ယနေ့ မတ်လ (၁၂)ရက်၊ နေ့လည်မှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး မှတ်တမ်းရယူနိုင်ခဲ့ကာ  ပျောက်ဆုံးသူ (၃၀) ဦးအနက် သေဆုံးသူများ၏ အလောင်း (၂၈)လောင်းကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ဆိုသည်။

 

  

Photo&Video: KNDF