တာချီလိတ်မြို့တွင် လေယာဉ်စီးရန်အတွက် Test Kit ဖြင့် စစ်ဆေးရာမှ ရဟန်းတစ်ပါး အပါအဝင် (၆)ဦးတွင် Covid-19 ပိုး တွေ့ရှိ

ပိုးတွေ့သည့် လူပုဂ္ဂိုလ်(၅)ဦးကို စံလင်းဖြိုး ကိုဗစ်စင်တာသို့ ပို့ဆောင်စဉ် [ 15.2.2022 ]
ပိုးတွေ့သည့် လူပုဂ္ဂိုလ်(၅)ဦးကို စံလင်းဖြိုး ကိုဗစ်စင်တာသို့ ပို့ဆောင်စဉ် [ 15.2.2022 ]
တာချီလိတ်မြို့တွင် လေယာဉ်စီးရန်အတွက် Test Kit ဖြင့် စစ်ဆေးရာမှ ရဟန်းတစ်ပါး အပါအဝင် (၆)ဦးတွင် Covid-19 ပိုး တွေ့ရှိ
ဖေဖော်ဝါရီ 15, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လေယာဉ်ဖြင့် ခရီးသွားရန်အတွက် လိုအပ်၍ Covid-19 စစ်ဆေးရာမှ ရဟန်းသံဃာ(၁)ပါး အပါအဝင် (၆)ဦးတွင် Covid-19 တွေ့ရှိရကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် Covid-19 စစ်ဆေးရာမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦးအပပြင် ရဟန်းတစ်ပါးတို့တွင် Covid-19 စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

Covid-19 စစ်ဆေးတွေ့ရှိရသည့် (၅)ဦးကို  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များက စံလင်းဖြိုး Covid-19 စင်တာသို့ ပို့ဆောင်ပေးထားပြီး ပိုးတွေ့သည့် ရဟန်းတစ်ပါးကို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွင် သီးသန့်ထားရှိစေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများရှိနေသော်လည်း မိမိအစီအစဉ်ဖြင့်သာ စစ်ဆေးသူများသာ ပိုများပြီး ယခုလို ခရီးသွားရန်အတွက် မဖြစ်မနေမှသာ ကျန်းမာရေးဌာနသို့ သွားရောက် စစ်လေ့ရှိသည်ဟု သိရသည်။

လေယာဉ်စီးခရီးသည်များအနေဖြင့် Covid-19 ရောဂါ မရှိကြောင်း စစ်ဆေးမှုကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးစဉ် မတိုင်မီ (၄၈)နာရီအတွင်း RDT ဖြင့် Covid-19 စစ်ဆေးရမည်ဖြစ်သည့်အတွက် ကျန်းမာရေးဌာနတွင် အခမဲ့ စစ်ဆေးနိုင်သည်ဟုလည်း ကျန်းမာရေးဌာနက ကြေညာထားရှိသည်။