မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သောအားဖြင့် ဇီဝိတဒါနအဖြစ် ငါးကောင်ရေတစ်သာင်း ဘေးမဲ့လွှတ်

မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သောအားဖြင့် ဇီဝိတဒါနအဖြစ် ငါးကောင်ရေတစ်သာင်း ဘေးမဲ့လွှတ်
အောက်တိုဘာ 28, 2019
By Tachileik News Agency
မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သောအားဖြင့် ဇီဝိတဒါနအဖြစ် 
ငါးကောင်ရေတစ်သာင်း ဘေးမဲ့လွှတ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအကြို ပူဇော်သောအားဖြင့် တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါခါရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကြီး ကျောင်းရှေ့ မဲခေါင်မြစ်အတွင်း ငါးကောင်ရေတစ်သောင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့ နံနက်ပိုင်းက ဘေးမဲ့လွှတ်သည်။

ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ် ဆရာတော်)ဦးဆောင်ပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ စစ်ဗျူဟာအခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒါယိကာ၊ ဒါယိကာမများက ဇီဝိတဒါနအဖြစ် ငါးလွှတ်ခဲ့ကြပြီး မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သာသနာ့နယ်မြေတွင် ဗုဒ္ဓဂါယာပုံစံတူတည်ဆောက်နေသည့်နေရာ၌ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဟာျမတ္မုနိ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္ေသာအားျဖင့္ 
ဇီဝိတဒါနအျဖစ္ ငါးေကာင္ေရတစ္သာင္း ေဘးမဲ့လႊတ္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)  တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရိွ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိစ်ာပနအႀကိဳ ပူေဇာ္ေသာအားျဖင့္ တာခ်ီလိတ္ၿမိဳ႕၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ပါခါရြာရိွ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီး ေက်ာင္းေရွ႕ မဲေခါင္ျမစ္အတြင္း ငါးေကာင္ေရတစ္ေသာင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၂၈) ရက္ေန႔ နံနက္ပိုင္းက ေဘးမဲ့လႊတ္သည္။

က်ဳိင္းတံုၿမိဳ႕၊ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱေကာဝိဒ(ဝစီပိတ္ ဆရာေတာ္)ဦးေဆာင္ၿပီး ရွမ္းျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ စစ္ဗ်ဴဟာအေျခခ်(တာခ်ီလိတ္)မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေသာ္ဇင္ဦး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၊ ခရိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္ ဒါယိကာ၊ ဒါယိကာမမ်ားက ဇီဝိတဒါနအျဖစ္ ငါးလႊတ္ခဲ့ၾကၿပီး မိုင္းဖုန္းဆရာေတာ္ဘုရားႀကီး၏ သာသနာ့နယ္ေျမတြင္ ဗုဒၶဂါယာပံုစံတူတည္ေဆာက္ေနသည့္ေနရာ၌ ပရိတ္တရားေတာ္မ်ားရြတ္ဖတ္ပူေဇာ္ခဲ့ၾကသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔၌ က်င္းပမည္ ျဖစ္သည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net