တာချီလိတ်ရှိ ဈေးများအားလုံးကို ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ပိတ်ထားမည်၊ ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင် ယာယီဈေးတန်းဖွင့်မည့် အစီအစဉ် ဖျက်သိမ်း

တာချီလိတ်ရှိ ဈေးများအားလုံးကို ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ပိတ်ထားမည်၊ ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင် ယာယီဈေးတန်းဖွင့်မည့် အစီအစဉ် ဖျက်သိမ်း
ဧပြီ 14, 2020
By Tachileik News Agency
တာချီလိတ်ရှိ ဈေးများအားလုံးကို ဧပြီလ(၁၅)ရက်နေ့က စ၍ (၃)ရက် ပိတ်ထားမည်၊ ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေကွင်းတွင်  ယာယီဈေးတန်းဖွင့်မည့် အစီအစဉ် ဖျက်သိမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့မှ (၁၇)ရက်နေ့ အထိ ဈေးများအားလုံး ပိတ်ထားရမည်ဖြစ်ပြီး ရှမ်းရိုးမကွင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင် ယာယီဈေးပြုလုပ်မည့်အစီအစဉ်ကိုလည်း ဧပြီလ(၁၄)ရက်နေ့ နေ့လည်ပိုင်းက  ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ပြည်နယ်က ညွှန်ကြားချက် ရောက်လာပြီ၊ ဈေးအားလုံးကို (၃)ရက် ပိတ်ထားမယ်။ အစောပိုင်းက စီစဉ်ထားတဲ့ ရှမ်းရိုးမကွင်းနဲ့ ရှမ်းစာပေကွင်းမှာ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးသည်တွေ ရောင်းချမှာကိုလည်း အစီအစဉ်ဖျက်လိုက်တယ်။ ဈေးသည်တွေ ကိုယ့်အိမ်ရှေ့ကိုယ် ရောင်းလို့တော့ရတယ်”ဟု တာချီလိတ်မြို့နယ်  စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၄)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။

ဈေးပိတ်ထားစဉ်အတွင်း အာခါဈေးနှင့် ဆေခမ်းဈေးမှ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးသည်များသည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် လည်းကောင်း၊ ဝမ်ကောင်းမြို့မဈေး၊ ပုန်းထွန်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင့်နောင်ဈေး၊ ပါလျံ(၃)ဈေးနှင့် ပါလျံ(၁)ဈေးများမှ ဟင်းသီးဟင်းရွက်နှင့် သား၊ငါးဈေးသည်များ ရှမ်းရိုးမကွင်းတွင်လည်းကောင်း ရောင်းချခွင့်ပြုရန် စည်ပင်သာယာရေးဌာနက ကနဦး စီစဉ်ထားသော်လည်း လူစုလူဝေးရှောင်နိုင်ရန် အဆိုပါ အစီအစဉ်ကို ဖျက်လိုက်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~