အျမင့္(၇၅)ေပအထိ ၿငႇိမ္းသတ္ႏိုင္သည့္ မီးသတ္ယာဥ္တစ္စီး တာခ်ီလိတ္အတြက္ လႊဲေျပာင္းေပးအပ္

အျမင့္(၇၅)ေပအထိ ၿငႇိမ္းသတ္ႏိုင္သည့္ မီးသတ္ယာဥ္တစ္စီး တာခ်ီလိတ္အတြက္ လႊဲေျပာင္းေပးအပ္
ဇွန် 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရရန္ပံုေငြႏွင့္ တာခ်ီလိတ္မွ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ စုေပါင္းလွဴဒါန္းမႈျဖင့္ ဝယ္ယူထားသည့္ အထပ္ျမင့္မီးၿငိႇမ္းသတ္ယာဥ္ကို တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနသို႔ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔တြင္ အခမ္းအနားျဖင့္ လႊဲေျပာင္းေပးအပ္သည္။

"ရွမ္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ေထာက္ပ့ံရန္ပံုေငြ က်ပ္သိန္း (၃,၀၀၀) နဲ႔ ဒီယာဥ္တန္ဖိုးက က်ပ္သိန္း (၃,၆၀၀) က်ပါတယ္။ ကားကိုရရိွဖို႔အေရး သိန္း (၆၀၀) လိုအပ္တဲ့အေၾကာင္းတင္ျပတဲ့အခ်ိန္မွာ တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားရဲ႕စည္းလံုးညီညြတ္မႈေၾကာင့္ ဒီကားေလးကို ပိုင္ဆိုင္တာျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းက လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားတြင္ ေျပာၾကားသည္။

အျမင့္ (၇၅)ေပအထိၿငိႇမ္းသတ္ႏုိင္သည့္ အထပ္ျမင့္မီးၿငိႇမ္းသတ္ယာဥ္မွာ ရွမ္းျပည္နယ္အတြင္း ျပည္နယ္အစိုးရရန္ပံုေငြျဖင့္ ပံ့ပိုးသည့္ ပထမဆံုး မီးသတ္ယာဥ္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း မီးသတ္ဦးစီးဌာနမ်ားတြင္ အထပ္ျမင့္မီးၿငႇိမ္းသတ္ယာဥ္မ်ားကို ေတာင္ႀကီး၊ မူဆယ္ႏွင့္ လားရိႈးၿမို႕မ်ားတြင္ ထားရိွေၾကာင္း သိရသည္။

"ဒီအထပ္ျမင့္မီးၿငိႇမ္းသတ္ေရးလုပ္ငန္းေတြက လူေနအိမ္ေတြ (၃) ထပ္နဲ႔အထက္ျမင့္မားတဲ့ေနရာေတြကို မီးၿငိႇမ္းသတ္ဖို႔၊ ျမင့္မားတဲ့ေနရာေတြကို ကယ္ဆယ္ေရးလုပ္ဖို႔ဆိုတာ ဒီအထပ္ျမင့္မီးၿငိႇမ္းသတ္ယာဥ္ေတြ ျဖည့္ဆည္းမွသာ လံုေလာက္တဲ့ရည္မွန္းခ်က္ကိုေရာက္မွာ ျဖစ္ပါတယ္။ ဒီတာခ်ီလိတ္မွာဆိုရင္ ၿမို႕နယ္အင္အား မီးသတ္ယာဥ္ (၄) စီး၊ ခရိုင္အင္အားမွာ မီးသတ္ယာဥ္ (၆) စီး၊ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁) စီးနဲ႔ လူနာတင္ယာဥ္ (၁) စီးနဲ႔ မီးၿငိႇမ္းသတ္ေရးနဲ႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္တာေပါ့"ဟု ရွမ္းျပည္နယ္မီးသတ္ဦးစီးမွဴး ညႊန္ၾကားေရးမွဴး ဦးတင္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းရိုးမကြင္းတြင္ က်င္းပသည့္ မီးသတ္ယာဥ္ေပးအပ္ပြဲသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာမ်ား၊ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အစိုးရရန်ပုံငွေနှင့် တာချီလိတ်မှ စီးပွားရေးလုပ်ငန်းရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူထားသည့် အထပ်မြင့်မီးငြှိမ်းသတ်ယာဉ်ကို တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်သည်။

"ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၃,ဝဝဝ) နဲ့ ဒီယာဉ်တန်ဖိုးက ကျပ်သိန်း (၃,၆၀၀) ကျပါတယ်။ ကားကိုရရှိဖို့အရေး သိန်း (၆၀၀) လိုအပ်တဲ့အကြောင်းတင်ပြတဲ့အချိန်မှာ တာချီလိတ်မြို့သူ၊ မြို့သားများရဲ့စည်းလုံးညီညွတ်မှုကြောင့် ဒီကားလေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

အမြင့် (၇၅)ပေအထိငြှိမ်းသတ်နိုင်သည့် အထပ်မြင့်မီးငြှိမ်းသတ်ယာဉ်မှာ ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရရန်ပုံငွဖြေင့် ပံ့ပိုးသည့် ပထမဆုံး မီးသတ်ယာဉ်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း မီးသတ်ဦးစီးဌာနများတွင် အထပ်မြင့်မီးငြှိမ်းသတ်ယာဉ်များကို တောင်ကြီး၊ မူဆယ်နှင့် လားရှိုးမြို့များတွင် ထားရှိကြောင်း သိရသည်။

"ဒီအထပ်မြင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေက လူနေအိမ်တွေ (၃) ထပ်နဲ့အထက်မြင့်မားတဲ့နေရာတွေကို မီးငြှိမ်းသတ်ဖို့၊ မြင့်မားတဲ့နေရာတွေကို ကယ်ဆယ်ရေးလုပ်ဖို့ဆိုတာ ဒီအထပ်မြင့်မီးငြှိမ်းသတ်ယာဉ်တွေ ဖြည့်ဆည်းမှသာ လုံလောက်တဲ့ရည်မှန်းချက်ကိုရောက်မှာ ဖြစ်ပါတယ်။ ဒီတာချီလိတ်မှာဆိုရင် မြို့နယ်အင်အား မီးသတ်ယာဉ် (၄) စီး၊ ခရိုင်အင်အားမှာ မီးသတ်ယာဉ် (၆) စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီးနဲ့ လူနာတင်ယာဉ် (၁) စီးနဲ့ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တာပေါ့"ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းရိုးမကွင်းတွင် ကျင်းပသည့် မီးသတ်ယာဉ်ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net