Covid-19 ကာလအတွင်း ထိုင်း နှင့် လာအိုနိုင်ငံတို့မှ တာချီလိတ်သို့ ပြန်လာသူများ ဒေသခံ မဟုတ်ပါက နေရပ်ဒေသသို့သာ ပြန်ရမည်

Covid-19 ကာလအတွင်း ထိုင်း နှင့် လာအိုနိုင်ငံတို့မှ တာချီလိတ်သို့ ပြန်လာသူများ ဒေသခံ မဟုတ်ပါက နေရပ်ဒေသသို့သာ ပြန်ရမည်
ဇွန် 6, 2020
By Tachileik News Agency

Covid-19 ကာလအတွင်း ထိုင်း နှင့် လာအိုနိုင်ငံတို့မှ တာချီလိတ်သို့ ပြန်လာသူများ ဒေသခံ မဟုတ်ပါက နေရပ်ဒေသသို့သာ ပြန်ရမည်

Covid-19 ရောဂါတားဆီးကာကွယ် ကုသရေးကာလအတွင်း ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှ တာချီလိတ်သို့ ဝင်ရောက်လာသူများ အနေဖြင့် တာချီလိတ် အိမ်ထောင်စုစာရင်းနှင့် တာချီလိတ်မှတ်ပုံတင် မရှိပါက မှတ်ပုံတင်ပါ လိပ်စာအတိုင်း ဒေသအသီးသီး ပြန်ရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်က မဟုတ်ဘဲ အခြားဒေသက လာတဲ့သူတွေအနေနဲ့ ဟိုဘက်ကနေ တာချီလိတ်ကို ရောက်လာပြီးရင် ခဏနေတော့ ဟိုဘက်ပြန်သွားရော၊ ပြန်သွားတော့ ပြန်ဖမ်းခံရပြီး ပြန်ပို့တာနဲ့ဆိုတော့ ဘာမှမထူးဘူး၊ အဲ့တော့ တာချီလိတ်မှာ နေခွင့်မပြုဘဲ နေရပ်ဒေသကိုပဲ ပြန်ခိုင်းမှာပါ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွှဲပြောင်းလာသူများသည် အများအားဖြင့် တာချီလိတ်တွင် ခေတ္တနေထိုင်ပြီး ထိုင်းနိုင်ငံသို့ အခြားနည်းလမ်းဖြင့် ပြန်လည်သွားရောက်ရာ ဆက်လက်ဖမ်းဆီးခံရပြီး တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းခံရသူများ အကြိမ်ကြိမ်ပါဝင်လာသူများလည်းရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံဘက်မှ တဆင့် တာချီလိတ်သို့ လာရောက်မည့် မည်သူမဆို covid-19 ကာလအတွင်း တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာ Facility Quarantine Center (၄)ရက်မှ (၅)ရက်အထိ ခေတ္တနေထိုင်ရမည်ဖြစ်ပြီး Covid-19 ဓါတ်ခွဲအဖြေထွက်ရှိပြီးမှသာ နေရပ်ဒေသအသီးသီးသို့ ပြန်ခွင့်ပြုမည်ဖြစ်သည်။

တာချီလိတ်သို့ ပြန်လာသူများတွင် တာချီလိတ် အိမ်ထောင်စုစာရင်း သို့မဟုတ် တာချီလိတ်(၁၃/တခလ) မှတ်ပုံတင်ဖြင့် နေထိုင်သူများသာ တာချီလိတ်တွင် နေထိုင်ခွင့်ရှိမည်ဖြစ်ပြီး တာချီလိတ်က မဟုတ်သူများအနေဖြင့် မှတ်ပုံတင်ပါ လိပ်စာအတိုင်း နေရပ်ဒေသအသီးသီးသို့ ပြန်ရမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~