တာချီလိတ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုး၍ ကားဖြင့်တင်ခေါ်သွားသည့် CCTV ဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော်လည်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုမရှိသေး

တာချီလိတ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုး၍ ကားဖြင့်တင်ခေါ်သွားသည့် CCTV ဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော်လည်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုမရှိသေး
နိုဝင်ဘာ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုး၍ ကားဖြင့်တင်ခေါ်သွားသည့် CCTV ဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော်လည်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုမရှိသေး
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဝမ်မိုင်ရွာမှ အိမ်ခန်းငှား အဆောက်အဦတစ်ခုတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီခွဲကျော် ဝန်းကျင်က အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုး၍ ကားဖြင့်တင်ခေါ်သွားသည့် CCTV ဖိုင်တစ်ခု လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော်လည်း နိုဝင်ဘာလ (၁၃)ရက်နေ့အထိ ရဲစခန်းသို့ အမှုလာဖွင့်သူမရှိသေးကြောင်း သိရသည်။
“အခုချိန်ထိ အမှုလာဖွင့်တာ၊ လာတိုင်တာ၊ လာအကြောင်းကြားတာ ဘာမှမရှိသေးဘူး။ ကြားတာနဲ့ ဘာဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်းပဲရှိသေးတယ်။”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁၃)ရက်နေ့ ညနေပိုင်းက ပြောသည်။
ဝမ်မိုင်ရပ်ကွက်ရှိ အခန်းငှားသည့် အဆောက်အဦးဝင်းအတွင်းမှ အဖြစ်အပျက်နှင့်ပတ်သက်၍ ဝမ်မိုင်သူကြီးဖြစ်သူကိုလည်း အကြောင်းကြားမှုမရှိ၍ သိရှိခြင်းမရှိကြောင်း သိရသည်။
ဓားဖြင့်ထိုးသည့် CCTV မှတ်တမ်းဖိုင်မှာ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး အမျိုးသား (၂) ဦးနှင့် အမျိုးသမီးပါသည့် မော်တော်ယာဉ်တစ်စီးသည် နေအိမ်လိုင်းခန်းငှားအဆောင်ရှိရာသို့ ရောက်လာပြီးနောက် ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ယောက် ရောက်လာသည်ကို တွေ့ရသည်။
ဆိုင်ကယ်ဖြင့်ရောက်လာသည့် အမျိုးသားအား ကားဖြင့်လာသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးနေပြီး ကျန်တစ်ဦးက ချုပ်ပေးထားသည်ကို တွေ့ရသည့်အပြင် အမျိုးသမီးတစ်ဦးကလည်း အခင်းဖြစ်ရာဘေးတွင် ရှိပြီး ချုပ်ပေးနေသည်ကို တွေ့ရသည်။
ယင်းနောက် ဓားဖြင့်ထိုးခံရသည့်အမျိုးသားကို ကားပေါ်မတင်သွားပြီး ပြန်လည်ထွက်ခွာသွားကြသည်ကို တွေ့ရခြင်းဖြစ်သည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~