ချင်းတောင်ပေါ် တက်လာသည့် အာဏာသိမ်းစစ်တပ်ကို CDM.Siyin နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေ

ပုံအညွှန်း - Civic Defense Militia -CDM -Siyin တပ်ဖွဲ့ဝင်များ
ပုံအညွှန်း - Civic Defense Militia -CDM -Siyin တပ်ဖွဲ့ဝင်များ
ချင်းတောင်ပေါ် တက်လာသည့် အာဏာသိမ်းစစ်တပ်ကို CDM.Siyin နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေ
ဇန်နဝါရီ 15, 2022 | အခြားဒေသများ



စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ပေါ်သို့ တက်လာသော အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် ဒေသကာကွယ်ရေးတပ် Civic Defense Militia -CDM -Siyin၊ မဟာမိတ်တပ်ပေါင်းစုများကြား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့က တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြောင်း  သိရသည်။

ချင်းတောင်အတက်လမ်းတွင် နံနက် (၁၀)နာရီမှ ညနေ (၃) နာရီအထိ ပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ (၁) ဦးသေပြီး ဒေသကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်၍ ဝိုင်းဝန်းပူးပေါင်းကူညီကြရန်ကိုလည်း CDM -Siyin က တောင်းဆို ထားသည်။