ထန်းကုန်းတွင် ဈေးဝယ်ပြန်လာသည့် အာဏာသိမ်းစစ်တပ်၏ တပ်သား (၂)ဦး တူမီးဖြင့် ပစ်သတ်ခံရ

Kanbalu Underground Warriors
Kanbalu Underground Warriors
ထန်းကုန်းတွင် ဈေးဝယ်ပြန်လာသည့် အာဏာသိမ်းစစ်တပ်၏ တပ်သား (၂)ဦး တူမီးဖြင့် ပစ်သတ်ခံရ
ဇန်နဝါရီ 13, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဈေးဝယ်ပြန်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်သား (၂)ဦး တူးမီးဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု  KBU-UG အဖွဲ့က သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာမှ ဈေးဝယ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သား(၂)‌ဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ထန်းကုန်းနှင့် ဇီးပင်သာကြား၌ Kanbalu Underground Warriors (KBU-UG) အဖွဲ့က တူမီးဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းခံရပြီး အကြမ်းဖက်နှိမ်နှင်းခံရမှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ရရာလက်နက်ဖြင့် စစ်အာဏာသိမ်းအဖွဲ့အား ခုခံသည့်တော်လှန်ရေးလုပ်ဆောင်လာကြရာ နိုင်ငံ့ဘဏ္ဍာဖြင့်ရပ်တည်နေ၍ သာလွန်အင်အားဖြစ်နေသည့်စစ်တပ်အား ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။