ကြာအင်းဆိပ်ကြီးမြို့နယ် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ကြာအင်းဆိပ်ကြီးမြို့နယ် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် မတရား သဖြင့် ချုပ်နှောင်ခံထားရသော အမှန်တရားဘက်တော်သားများနှင့် ကျောင်းသားလူငယ်များ၏ကိုယ်စား စစ်အာဏာရှင်ဆန့်ကျင်‌ခြင်း သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မတရားစစ်အာဏာသိမ်းပြီး နောက်ပိုင်း တော်လှန်ရေးကာလအတွင်းတွင် ကျဆုံးခဲ့သူ စုစုစပေါင်း (၃,၆၆၃)ဦးရှိခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်လ(၁၆)ရက်နေ့အထိ မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃,၃၆၁)ဦး ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo : ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)