ကော့ကရိတ်တွင် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရသဖြင့် ဗိုလ်မှူးချုပ်မင်းနောင်အပါ ၅ ဦးသေဆုံးကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်

ကော့ကရိတ်တွင် စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရသဖြင့် ဗိုလ်မှူးချုပ်မင်းနောင်အပါ ၅ ဦးသေဆုံးကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်
ဇန်နဝါရီ 30, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကောကရိတ်မြို့နယ်၌ စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးပစ်ချခံရသဖြင့် ရဟတ်ယာဉ်ပေါ်လာသည့် ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး(၃)ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ Eurocopter 365 တစ်စီးအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် အမှတ် (၃၂)ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ(၃၅၆)တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန်လာသော မော်လမြိုင် ရတခမှ တက်လာသည့် Mi - 35P Attack Helicopterတစ်စီးနှင့် Eurocopter 365 တစ်စီးတို့အား တော်လှန်ရေးတပ်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် Eurocopter 365 တစ်စီးအား ပစ်ချနိုင်ခဲ့ပြီး အဆိုပါလေယာဥ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ဗိုလ်မှူး (၃)ဦးနှင့် ဗိုလ်ကြီးတစ်ဦး စုစုပေါင်း (၅)ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency